ဖာနန်ဒက်စ်နဲ့ ဝမ်းတူရိုက်ပြီး ညာခြေနဲ့ အဆုံးသတ်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ယနေ့ည ဝုလ်ဗ်စ်နဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ရဲ့အနိုင်ဂိုးကို သွင်းယူပေးဖို့ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ တောက်ပတဲ့ စွမ်းဆောင်ရည်ပြသခဲ့ပေမယ့်လည်း ဝုလ်ဗ်စ်နဲ့ပွဲစဉ်အတွက် နည်းပြ တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွင်း စည်းကမ်းပိုင်းဆိုင်ရာအကြောင်းပြချက်ကြောင့် ပွဲထွက် ၁၁ ဦးစာရင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပေမယ့်လည်း ဒုတိယပိုင်းအစမှာ ဂါနာချိုရဲ့နေရာမှာ လူစားဝင်စားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ၇၆ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်နဲ့ ကျွမ်းကျွမ်းကျင်ကျင် တွဲဖက်ကစားခဲ့ပြီးနောက် အလွန်ကောင်းမွန်တဲ့သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် တန်ဟက်ကို စိတ်မပျက်စေခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ကြယ်ပွင့်တိုက်စစ်မှူးဟာ ဘောလုံးကို ဘယ်တောင်ပံကနေ ရယူပြီးနောက် ဝုလ်ဗ်စ်ခံစစ်ကို ထိုးဖောက်တိုက်စစ်ဆင်ခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်နဲ့ ဝမ်းတူရိုက်ပြီး ညာခြေနဲ့ အဆုံးသတ်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲမကစားခင်မှာ တန်ဟက်က ရက်ရှ်ဖို့ဒ်ကို အရန်ခုံထိုင်ခိုင်းထားခဲ့တဲ့ ဆုံးဖြတ်ချက်ကို ရှင်းလင်းခဲ့ပြီး "အသင်းအတွင်း စည်းကမ်းပိုင်းကြောင့်ပါ။ အသေးစိတ်တော့မပြောနိုင်ဘူး။ ကျွန်တော်တို့ စည်းကမ်းတွေပါ။ အခု ပွဲအပေါ်မှာ အာရုံစိုက်နေပါတယ်။ သူက အရမ်းကောင်းတဲ့ခြေစွမ်းမှာ ရှိနေပြီး ဘယ်သူကမှ ပွဲအားလုံး မကစားနိုင်ပါဘူး"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဝုလ်ဗ်စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းနိုင်ပွဲကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ရမှတ် ၃၂ မှတ်နဲ့အတူ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က