ပြစ်ဒဏ်ဘောအတွက် လူကပ်ချိန်မှာဖြစ်ခဲ့တာပါ။

အေဂျက်စ်ကွင်းလယ်လူ ကလာဆန်ဟာ မနေ့ညက လီဗာပူးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဥ်မှာ ပြိုင်ဘက် နောက်ခံလူ ဗန်ဒိုက်ချ်ကို အမြင့်ဘောကတဆင့် ထိန်းချုပ်နိုင်ဖို့အတွက် ထူးထူးဆန်းဆန်း နည်းစနစ်ကို အသုံးပြုခဲ့ပါတယ်။ အဲ့ဒါကတော့ ကလာဆန်တယောက် ဗန်ဒိုက်ချ်ကို လူကပ်ကစားဖို့ ကြိုးစားနေချိန်မှာ ကလိထိုးခဲ့တာဖြစ်ပါတယ်။



ဒီပွဲမှာ လီဗာပူးက အေဂျက်စ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ယူကာ နောက်တဆင့်ကို တက်ရောက်သွားခဲ့သလို အေဂျက်စ်ကလည်း ဒီရှုံးပွဲကြောင့် ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာ လီဗာပူးတို့ ပြစ်ဒဏ်ဘောရခဲ့တာကြောင့် ဒီကတဆင့် ဂိုးသွင်းယူနိုင်ဖို့ နောက်ခံလူ ဗန်ဒိုက်ချ်က တိုက်စစ်ကို လိုက်ပါလာခဲ့ပါတယ်။ ဒီအချိန်မှာ ဗန်ဒိုက်ချ်ကို ထိန်းချုပ်ဖို့ တာဝန်ယူထားရတဲ့ ကစားသမားက ကလာဆန်ဖြစ်ခဲ့တာပါ။


ကလာဆန်ဟာ ဗန်ဒိုက်ချ်နဲ့ ခေါင်းတလုံးလောက်နိမ့်ပြီး တကယ်တမ်းသာ ဘောလုံးက ဗန်ဒိုက်ချ်ဆီကို ရောက်လာမယ်ဆိုရင် ကာကွယ်ဖို့ ခက်ခဲပါတယ်။ အဲ့ဒါကြောင့်လည်း ဒီလိုမျိုး ပြစ်ဒဏ်ဘောမကန်ခင် နှစ်ဖက်ကစားသမားတွေ နေရာယူနေချိန်မှာပဲ ကလာဆန်က အသင်းဖော်ထံလက်မြှောက်အချက်ပြနေတဲ့ ဗန်ဒိုက်ချ်ရဲ့ ချိုင်းကြားကို ကလိထိုးခဲ့တာဖြစ်ပါတယ်။

ဒီမြင်ကွင်းက ပရိသတ်တွေကြားမှာ တော်တော်လေး ဟာသဖြစ်နေပြီး ကလာဆန်ကတော့ ကြံမိကြံရာ အားလုံးကို လုပ်သွားခဲ့တာပါ။ ပရိသတ်တွေက “ကလာဆန်က ဗန်ဒိုက်ချ်ကို ကလိထိုးနေတာကိုပဲ မြင်လိုက်တာမဟုတ်ပါဘူး” “ဒီဘဲက ဗန်ဒိုက်ချ်ကို ကလိထိုးပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတာလား” အစရှိသဖြင့် ဟာသလုပ် နောက်ပြောင်လျက်ရှိပါတယ်။

ဗန်ဒိုက်ချ်နဲ့ကလာဆန်တို့ဟာ လက်ရွေးစင်အသင်းဖော်တွေလည်းဖြစ်ကြပြီး ဒီလုပ်ရပ်အတွက် နှစ်ယောက်ကြား တစုံတရာ ပြဿနာမရှိခဲ့ပါဘူး။ ဗန်ဒိုက်ချ်ကတော့ ကလာဆန်ရဲ့ ကလိထိုးမှုကြောင့် အနည်းငယ် နေရထိုင်ရ ခက်ခဲပြီး သူ့ရဲ့ လက်မောင်းကို ပြန်ချကာ တိုက်စစ်ဆင်ဖို့ ဆက်လက်ကြိုးစားနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က