အီဒါဆန်တယောက် ဘာမှမတတ်နိုင်ခဲ့ပါဘူး။

မနေ့ညက ကစားခဲ့တဲ့ မန်စီးတီး-ပီအက်စ်ဂျီပွဲစဉ်မှာ အိမ်ရှင်အင်္ဂလန်ကလပ်က ၄-၃ နဲ့ အနိုင်ရရှိခဲ့ပြီး ပရိသတ်တွေကို ဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ တော်တော်လေးစိတ်လှုပ်ရှားစရာကောင်းခဲ့တဲ့ပွဲဖြစ်ကာ နှစ်ဖက်ကစားသမားတွေရဲ့ သွင်းဂိုး၊ အားထုတ်မှုတွေက တကယ့်ကို လက်ဖျားခါလောက်စရာကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ 

ရီးရဲလ်တို့ အရေးနိမ့်ခဲ့ပေမယ့် တိုက်စစ်မှူးဘန်ဇီမာကတော့ အသင်းအတွက် ၂ ဂိုးအထိ သွင်းယူပေးခဲ့ကာ နောက်တကျော့အတွက် အသင်းကိုမျှော်လင့်ချက်ရှိစေခဲ့ပါတယ်။ ပွဲချိန်နောက်ဆုံး ၁၀ မိနစ်အတွင်းမှာ မန်စီးတီးက ၄-၂ နဲ့ ဦးဆောင်နေခဲ့ပေမယ့် ဧရိယာထဲမှာ လာပေါ့တ်လက်နဲ့ထိပြီး ပင်နယ်တီပေးခဲ့ရကာ ဘန်ဇီမာက တာဝန်ယူကန်သွင်းခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အိုဆာဆူနာနဲ့လာလီဂါပွဲမှာ ပင်နယ်တီ ၂ လုံးလွဲချော်ခဲ့တဲ့ ဘန်ဇီမာက အီဒါဆန်ဘယ်လိုမှမတတ်နိုင်အောင် ကန်သွင်းယူခဲ့ပြီး Panenka ကန်ချက်ကို အသုံးပြုသွားခဲ့ပါတယ်။ ဒီကန်သွင်းချက်အပေါ်မှာ ချီးကျူးမှုတွေအများကြီးရှိနေခဲ့ပြီး talkSPORT ရဲ့ အစီအစဉ်တင်ဆက်သူ Trevor Sinclair တယောက် တော်တော်လေးကို အံ့အားသင့်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

"ဘန်ဇီမာရဲ့ ပင်နယ်တီကိုအဆုံးသတ်မှာ ကြည့်ရင် ကြီးမားတဲ့ဖိအားပေးမှုပဲ၊ ရီးရဲလ်မက်ဒရစ်က ဘာတွေလဲဆိုတာကို ပြသလိုက်တာပါပဲ၊ အရေးမကြီးတဲ့အချိန်တွေမှာ ဒီလိုကန်သွင်းချက်မျိုုးနဲ့ ကန်သွင်းဖို့ ကြိုးစားတဲ့ကစားသမားတွေကို မြင်ဖူးပါတယ်၊ ချန်ပီယံလိဂ်မှာ ရီးရဲလ်အသက်ဆက်အောင် ကြိုးစားနေတဲ့အချိန်မှာ ဒါကို သတ္တိရှိရှိလုပ်ခဲ့တာပါ၊ ဘန်ဇီမာရဲ့ အလန်းစားဂိုးပါပဲ" လို့ ချီးကျူးသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က