ရွိုင်အိုလာက အဆုတ်ရောဂါကြောင့် ဆေးရုံတက်ကုသမှုခံယူနေရတာပါ။

အဆုတ်ရောဂါကြောင့် ဆေးရုံမှာ အရေးပေါ် ဆေးကုသမှုခံယူနေရတဲ့ အေးဂျင့်ရွိုင်အိုလာတယောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့ပြီး မကြာခင်မှာပဲ ဆေးရုံက ဆင်းနိုင်တော့မယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ သူငယ်ချင်းက ပြောပါတယ်။

အသက် (၅၄) နှစ်အရွယ် ရွိုင်အိုလာဟာ ဒီလအစောပိုင်းမှာ အရေးပေါ် ခွဲစိတ်ကုသမှုတခု ခံယူခဲ့ရပြီး အီတလီ အခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ ရွိုင်အိုလာဟာ မီလန်မြို့မှာရှိတဲ့ San Raffaele ဆေးရုံမှာ ခွဲစိတ်ခံခဲ့ရတယ်လို့ သိရှိရပါတယ်။ ဂျာမန်သတင်းဌာန Bild ကတော့ ရွိုင်အိုလာရဲ့ ရောဂါ အခြေအနေက တော်တော်လေး ပြင်းထန်တယ်လို့လည်း သိရပါတယ်။

 

ဒါပေမယ့် ရွိုင်အိုလာနဲ့ ဝမ်းကွဲတော်စပ်သူ ဗင်ဆန်ဇိုဆီက သိရတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ဆိုရှယ် Influencer တယောက်ဖြစ်တဲ့ အာဖိုင်နာကတော့ “လာမယ့် ရက် အနည်းငယ်အတွင်းမှာ ရွိုင်အိုလာ ဆေးရုံဆင်းတော့မှာပါ။ သူ့ရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်တွေနဲ့အတူ အရင်အတိုင်း ပြန်ဖြစ်ဖို့ ယေရှုဆီမှာ ဆုတောင်းရအောင်”

 

“လူတိုင်းက ဘဝမှာ သူတို့ လိုချင်တဲ့အတိုင်း လိမ်ညာခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် လူတယောက်ရဲ့ ကျန်းမာရေးအပေါ်မှာ လိမ်ညာတာကတော့ မှားယွင်းပါတယ်။ ရွိုင်အိုလာက အခုဆိုရင် သူ့ကို သတင်းလာမေးတဲ့သူတိုင်းကို ကောင်းကောင်း တုံ့ပြန်ပြောဆိုနေပါပြီ“ လို့ ပြောကြားသွားခဲ့ပါတယ်။

 

အာဖိုင်နာရဲ့ ဒီပြောစကားကတော့ ရွိုင်အိုလာရဲ့ ကျန်းမာရေးအခြေအနေဆိုးရွားနေတယ်လို့ ဖော်ပြခဲ့တဲ့ ဂျာမန်သတင်းစာ Bild ကို ရည်ရွယ်ခဲ့ဟန်ရှိပါတယ်။ ရွိုင်အိုလာဟာ ကစားသမားတွေနဲ့ ပတ်သက်လာရင် အတ္တကြီးတဲ့ အေးဂျင့်တယောက်ဖြစ်ပြီး အေးဂျင့်ခ မတန်တဆ တောင်းလွန်းအားကြီးတာ၊ ကစားသမားအပေါ် လွှမ်းမိုးချုပ်ချယ်လွန်းတာတွေကြောင့် လူမုန်းများတဲ့ အေးဂျင့်တယောက်လည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က