ဟာသလူရွှင်တော်ဝါရင့်သရူပ်ဆောင်ဦးမိုးဒီက အသက် ၁၉ နှစ်ကတည်းက အိမ်ထောင်ကျခဲ့တာဖြစ်ပြီး ငယ်ချစ် ဇနီးသည်ကို အလွန်ချစ်သူဖြစ်ပါတယ်။ အခုဆိုရင် ဇနီးသည် ကွယ်လွန်သွားတာ ၁၀နှစ်ရှိပြီဖြစ်ကြောင်းနဲ့ ဇနီးသည်ကို အောက်မေ့သတိရစွာပဲ အမှတ်တရအချို့ကို ပြောပြလာပါတယ်။
"ဇနီးကို ချစ်လွန်းလို့ယူထားရတော့ ဦးမိုးဒီရဲ့ဇနီး ထမင်းငတ်မှာအရမ်းကြောက်တာ။ အဲဒီအတွက် ကြုံရာကျပန်းအလုပ်အကုန်လုပ်တယ်။ နောက်ဆုံး ဇာတ်ပွဲထဲမှာ လူတွေအများကြီးဆိုတော့ သံပုရာရည် ရောင်းတယ်။ စဥ့်အိုးကြီးတစ်လုံးကိုငှားပြီး သံပုရာရည်တွေဖျော်ရောင်းတယ်။ လူကများ ပူကပူတော့ ဝယ်သောက်လိုက်ကြတာများ ပြိုက်ခနဲပဲ။ ရသမျှ ပိုက်ဆံတွေအကုန်လုံးကိုလည်းဇနီးကိုပဲအပ်တာ။ ဇနီးသည်က ယောက္ခမကိုပြန်ပေးထားတယ်။ မိုးတွင်းကျ ဇာတ်ပွဲမရှိလို့ထမင်းငတ်ရင် ယောက္ခမတာဝန်ဆိုပြီး(ရယ်လျှက်)။ ယောက္ခမကလည်းဦးမိုးဒီကိုအရမ်းချစ်တာ။ အရက်မသောက်တတ်။ ဆေးလိပ်မသောက်။ ကွမ်းမစားဆိုတော့လေ။ ဇနီးသည်ကိုလည်းသိပ်သတိရတယ်။ သိပ်လည်းလွမ်းတယ်။ ဆုံးသွားတာ ၁၀နှစ်ရှိနေပြီဆိုပေမယ့် အခုထိ တစ်ရက်မှ မေ့မရပါဘူး"လို့ ဦးမိုးဒီက လွမ်းဆွတ်ခြင်းများစွာနဲ့ဖြေကြားပေးခဲ့ပါတယ်။
ဓာတ်ပုံ - ဦးမိုးဒီ
ဦးမိုးဒီနဲ့ဇာတ်မင်းသမီး အေးအေးကြွယ်တို့ဟာ ပန်တျာကြည်လင်ဇာတ်အဖွဲ့မှာအလုပ်အတူလုပ်ကြရင်း တွေ့ဆုံခဲ့ကြတာဖြစ်ပြီး နောက်မှာတော့ မကွေးမြသလွန်ဘုရားမှာပဲ ခိုးပြေးဖို့စီစဥ်ဖြစ်ကြရင်း အိမ်ထောင်ကျခဲ့တာပါ။
"ဇာတ်ထဲမှာတွေ့ကြတာ ရွှေမန်းကျော်အောင်ဇာတ်နဲ့ပန်တျာကြည်လင်ဇာတ်နဲ့ မကွေးမြသလွန်မှာ အပြိုင်ကရတာဘ ဘက ပန်တျာကြည်လင်ဇာတ်ထဲမှာရှိနေတာ သူက ရွှေမန်းကျော်အောင်ဇာတ်ထဲမှာ
အဲ့ဒါနဲ့ မကွေးမြသလွန်မှာ ဆုတောင်းပွဲ လုပ်ကြတော့ သူနဲ့ ခိုးပြေးဖို့စီစဥ်ကြတာ "လို့ ဦးမိုးဒီကပြောပြခဲ့ပါတယ် ။
ဓာတ်ပုံ - ဦးမိုးဒီ
ဦးမိုးဒီ နဲ့သူ့ရဲ့ဇနီးတို့နှစ်ဦးဟာ ချစ်စကြင်စမှာ အပြန်အလှန်ကတိတစ်ခုစီ တောင်းခဲ့ကြပါတယ်။ ဒေါ်အေးအေးကြွယ်က ဦးမိုးဒီကို အရက်မသောက်ဖို့ကတိတောင်းပြီး ဦးမိုးဒီကးဇနီးသည်ကို အိမ်ထောင်ကျရင် နှုတ်ခမ်းနီ မဆိုးဖို့ တောင်းဆိုခဲ့တယ်လို့ဆိုပါတယ် ။
"ဥ
ီးမိုးဒီ ဇနီးကိုတစ်ခုပဲ တောင်းဆိုတယ်။ အိမ်ထောင်ကျပြီးရင်နှုတ်ခမ်းနီမဆိုးဖို့။ သူကလည်း အရက်လုံးဝမသောက်ဖို့ တောင်းဆိုတယ်။ တစ်ခါတလေ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တွေ့လို့ငြင်းဆန်မရ သောက်လိုက်ရရင်တောင် အနံ့လေးရရင်ဇနီးသည်ကလုံးဝစကားမပြောတော့ဘူး။ သူစကားမပြောတာကို ဦးမိုးဒီမခံစားနိုင်လို့ လုံးဝမသောက်တော့ဘူး။ ဇနီးသည်ကို ကျေးဇူးတင်ပါတယ်။ သူတားမြစ်ခဲ့လို့ဦးမိုးဒီကိုလူအများလူရိုသေရှင်ရိုသေရှိတယ်။သူ့ကိုကျေးဇူးအများကြီးတင်ပါတယ်"ဆိုပြီးကွယ်လွန်သွားတာ ၁၀နှစ်ရှိပြီဖြစ်တဲ့ဇနီးသည်နဲ့အမှတ်တရလေးတွေအကြောင်းပြောပြခဲ့ပါတ
ယ်။
ဓာတ်ပုံ - ဦးမိုးဒီ
ဦးမိုးဒီရဲ့ဇနီး ဇာတ်မင်းသမီးကြီး ဒေါ်အေးအေးကြွယ်ကတော့ ၂၀၁၂ခု နှစ် ၁၂လပိုင်း ၈ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ဦးမိုးဒီနဲ့ ဒေါ် အေးအေးကြွယ်တို့မှာ သား(၄)ဦး ထွန်းကားခဲ့ပြီး သားတစ်ဦးဖြစ်တဲ့ ကောင်းစံက သရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်။ ဦးမိုးဒီတို့က သားသမီး မြေးမြစ်တွေနဲ့ အတူ တောင်ဥက္ကလာပမြို့နယ်မှာ အေးချမ်းစွာ နေထိုင်လျက်ရှိပါတယ်။