အင်တာမီလန်တိုက်စစ်မှူးဟောင်း အက်ဒရီယာနိုဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် TNT Sports မှာ စီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပေးရဖို့ ရှိနေခဲ့ပါတယ်။ ဒါပေကမယ့်လည်း သူ တူရကီကို သွားရောက်မယ့် လေကြောင်းလိုင်းကို လွဲချော်ခဲ့ပြီး အကြောင်းရင်းကတော့ ပါတီပွဲမှာ အမူးလွန်ခဲ့တာကြောင့်လို့ သိရပါတယ်။
အသက် ၄၁ နှစ် အရွယ် ဘရာဇီးလ်သားဟာ အသင်းဟောင်းအင်တာရဲ့ ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရမယ့် အခွင့်အခါရှိခဲ့တာပါ။ ဒါပေမယ့် အက်ဒရီယာနိုဟာ ပါတီပွဲ ၃ခုအထိ ဆက်တိုက်သွားခဲ့ပြီးနောက်မှာ လေယာဉ်တောင် မစီးနိုင်တော့တဲ့အထိ ဖြစ်သွားခဲ့ရတယ်လို့လည်း ဆိုပါတယ်။
လေဆိပ်မှာ သူ့ကို စောင့်ဆိုင်းခဲ့ကြပေမယ့် လေယာဉ်ထွက်ခွာမယ့်အချိန်ထိ ရောက်မလာခဲ့လို့ အားလုံးထွက်သွားခဲ့ရပါတယ်။ ဒါဟာ နာမည်ကျော်ကစားသမားဘ၀ကို ပိုင်ဆိုင်နေချိန်မှာပဲ ဖခင်ဖြစ်သူ ဆုံးပါးခဲ့လို့ စိတ်ကျရောဂါဖြစ်ပြီး အရက်သေစာသောက်စားတာ ကစားသမားဘ၀ အဆုံးသတ်ခဲ့ရတဲ့ အက်ဒရီယာနိုအတွက် နောက်ထပ် လွဲချော်မှုတခုဖြစ်လာခဲ့ပါတယ်။
အခုအဖြစ်အပျက်အတွက်တော့ အက်ဒရီယာနိုက တစုံတရာပြောဆိုထားခြင်းမရှိသေးပါဘူး။ ဘရာဇိးလ်သတင်းဌာန Globo ကတော့ ပါတီ ၃ ပွဲဆက်တိုက် သွားခဲ့တယ်လို့ အခိုင်အမာဖော်ပြခဲ့ကာ အက်ဒရီယာနိုတယောက် တော်တော်လေးကို အပျော်လွန်ပြီး အမူးလွန်နေတာဖြစ်မယ်လို့ ကောက်ချက်ရပါလိမ့်မယ်။