စီစဉ်ထားပြီးခါမှ ဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ အသင်းရဲ့တနှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲနဲ့ ညစာစားပွဲကို ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။ ရာသီကုန်ဆုံးခါနီးဆိုရင် ပြုလုပ်နေကျဖြစ်တဲ့ ဒီပွဲကိုတော့ ကစားသမားတွေတက်ရောက်ဖို့အတွက် အရှက်ရွံ့ကြီးရှက်ရွံ့နေတာကြောင့် ဖျက်သိမ်းလိုက်ရတာလို့လည်း ဆိုပါတယ်။ 

ဒီရာသီမှာ ဆိုးရွားတဲ့ရလဒ်တွေ၊ မတည်ငြိမ်တဲ့ခြေစွမ်းတွေကိုသာ ပြသခဲ့တဲ့ ကစားသမားတွေဟာ ကိုယ့်လိပ်ပြာကိုယ်မလုံဖြစ်နေပြီး ညစာစားပွဲကိုတက်ရောက်ဖို့ပါ မဝံ့မရဲဖြစ်နေခဲ့တာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရသလို ကံဆိုးရင် ယူရိုပါလိဂ်တောင်မှ ကစားခွင့်မရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရချိန်မှာ လစာငွေတပတ်ကို ပေါင်သိန်းနဲ့ချီပြီး ရယူထားတဲ့သူတွေ အရှက်ရစရာဖြစ်နေခဲ့တာပါ။ 

ယူနိုက်တက်ရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို တိုက်စစ်မှူးရော်နယ်ဒိုပဲ ဆွတ်ခူးနိုင်ဖွယ်ရာရှိနေတာပါ။ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ အသင်းရဲ့ တလတာအကောင်းဆုံးကစားသမားဆုတွေကိုလည်း ရော်နယ်ဒိုက မကြာခဏရရှိနေခဲ့ပြီး သူ့ရဲ့ခြေစွမ်းပြသမှုက အသင်းရဲ့တနှစ်တာအကောင်းဆုံးကစားသမားဆုကို သေချာပေါက်ရယူနိုင်ဖို့ရှိနေခဲ့တာပါ။ 

ဒါပေမယ့် ဒီဆုကိုတော့ ရော်နယ်ဒိုတယောက်အခမ်းအနားနဲ့ရယူနိုင်မှာမဟုတ်တော့ပါဘူး။ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ဆိုသလို ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကစားသမားတွေရဲ့ ရှက်နေမှုတွေက ဆုပေးပွဲကိုပါ ဖျက်သိမ်းရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ အသင်းကစားသမားတွေ ရှက်ရွံ့နေသေးပါလားဆိုပြိး လူမှုကွန်ယက်ပေါ်မှာ လှောင်ပြောင်နေကြပါတယ်။ 

Share

Loading Next Article...
က္က