လီဗာပူးလ်ကို အရှက်ရဖွယ်ရာ ၇-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဂျ်က အသင်းရဲ့ ပရော်ဖက်ရှင်နယ်မဆန်တဲ့ လုပ်ရပ်အတွက် ဒေါသထွက်နေခဲ့ပါတယ်။ ကာရာဘောင်ဖလားကို ရယူနိုင်ပြီး မကြာခင်မှာပဲ ယူနိုက်တက်ဟာ အန်ဖီးလ်မှာ အရှက်ရဖွယ်ရာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အသင်းသမိုင်းမှာ အဆိုးရွားဆုံး ပရီးမီးယားလိဂ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်ကစားသမားတွေဟာ လုံး၀ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိဘဲ လီဗာပူးလ်ကို ဂီုးတွေ အလွယ်တကူပေးခဲ့ရပါတယ်။ တန်ဟက်ဂျ်က ဒီရလဒ်ပေါ် တော်တော်လေးစိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး ပရော်ဖက်ရှင်နယ်မဆန်ဘူးလို့ ပြောဆိုခဲ့ကာ အသင်းသားတွေအနေနဲ့ ဒီလိုပုံစံမျိုး ထပ်လုပ်မယ်ဆိုရင် သူ့လက်အောက်မှာ ကစားခွင့်ရမှာမဟုတ်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။
"တော်တော်ဆိုးရွားတဲ့ ရလဒ်ပါ၊ ဒါက ပရော်ဖက်ရှင်နယ်မဟုတ်ဘူး၊ ဒီနေ့ပွဲ ပထမပိုင်းမှာ ကျနော်တို့က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တယ်၊ ဂိုးသမားနဲ့ တဦးချင်းတွေ့တာ ၂ ကြိမ်ရှိခဲ့ပေမယ့် သူတို့ ဂိုးမသွင်းနိုင်ခဲ့ဘူး၊ ဒုတိယပိုင်းမှာတော့ တဦးချင်းအမှားတွေ၊ အဖွဲ့လိုက်အမှားတွေလုပ်ခဲ့ပြီး ဂိုးတဂိုးစတင်ပေးရတာကနေ စတင်ခဲ့တယ်လို့ ကျနော်ထင်တယ်"
"ပရော်ဖက်ရှင်နယ်မဆန်တဲ့ ဆုံးဖြတ်ချက်တွေကနေလည်း ဂိုးတွေပေးခဲ့ရတယ်၊ နောက်ကို ပြန်မလိုက်ကြဘူး၊ နေရာလွတ်တွေပေးခဲ့တယ်၊ အထူးသဖြင့် တခုကတော့ နောက်ကို လုံး၀ ပြန်မဆင်းခဲ့တာပါ၊ ဒါက မန်ချက်စတာယူနိုက်တက်မဟုတ်ဘူး၊ တကယ်ဆိုးရွားပြီး ညံ့ဖျင်းလွန်းပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
"ဒီအတွက် ကျနော့်မှာ အမြင်တခုရှိပါတယ်၊ မနက်ဖြန်ကျရင် ကျနော်တို့ စကားပြောသွားမှာပါ၊ ဒါပေမယ့် ဒီအသင်းက အစကနေ ပြန်စရမယ်ဆိုတာကို ကျနော်သိပါတယ်၊ ကျနော်တို့ ပြန်လာနိုင်အောင်လုပ်ဖို့ လိုအပ်ပါတယ်၊ တတ်နိုင်သမျှတော့ ကျနော်တို့ အရှေ့မှာ ပြသခဲ့ပြီးပါပြီ" လို့ သူက ထပ်ပြောခဲ့ပါတယ်။