နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေကာ အနီးကပ်ပိတ်သွင်းယူမှုတွေမှာလည်း ပရိသတ်တွေမျက်လုံးပြူး၊ ပါးစပ်အဟောင်းသားဖြစ်စေခဲ့အထိ လွဲချော်ခဲ့ရပါတယ်။
အာဆင်နယ်အတွက် ဂိုးပေါက်ပျောက်နေတဲ့ အသင်းခေါင်းဆောင်အူဘာမီယန်ကို စိတ်ဓာတ်မကျဖို့ နည်းပြအာတီတာက အားပေးလိုက်ပါတယ်။ အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ဒီရာသီမှာ တစ္ဆေခြောက်ခံနေရပြီး နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေကာ အနီးကပ်ပိတ်သွင်းယူမှုတွေမှာလည်း ပရိသတ်တွေမျက်လုံးပြူး၊ ပါးစပ်အဟောင်းသားဖြစ်စေခဲ့အထိ လွဲချော်ခဲ့ရပါတယ်။
အသက် ၃၂ နှစ်အရွယ် ဂါဘွန်တိုက်စစ်မှူးဟာ အဲဗာတန်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း အရန်ခုံထိုင်ခဲ့ရပြီး လူစားလဲသာ ကစားခဲ့ရပါတယ်။ အခုတပတ်ကစားမယ့် ဆောက်သမ်တန်နဲ့ပွဲမှာတော့ အာတီတာက သူ့ကို ပွဲထွက်ခွင့်ပြန်ပေးဖွယ်ရှိနေပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့နဲ့ စိတ်မကောင်းဝမ်းနည်းမနေဖို့ အာတီတာက အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။
"ကစားသမားတယောက်ဂိုးမသွင်းနိုင်ချိန်မှာဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုအပိုင်းပါ ထိခိုက်လာပါတယ်၊ ခံစားချက်တွေ၊ ကိုယ်ပိုင်ယုံကြည်ချက်တွေလည်း ထိခိုက်လာပါတယ်၊ ဒါပေမယ့်လည်း ဒါက ကိုယ်တိုင်ကြိုးစားအားထုတ်ရမယ့်အရာပါပဲ၊ ထိခိုက်လာနိုင်မှာတွေကို လက်သင့်မခံဘဲနဲ့ ကိုယ့်ကိုကိုယ်လည်း သနားမနေပါနဲ့၊ ကစားသမားတိုင်းမှာ လမ်းကြောင်းကိုယ်စီရှိကြပါတယ်"
"ကစားသမားတယောက် ဂိုးတွေသွင်းနိုင်တဲ့အချိန်မှာဆိုရင် သူတို့က ဒါကို အချိန်အကြာကြီးထိန်းသိမ်းထားနိုင်ိဖု့အတွက် ကြိုးစားရပြန်ပါတယ်၊ သူတို့မလုပ်နိုင်တဲ့အချိန်တွေ လျော့သထက်လျော့အောင် လျှော့ချဖို့ ကြိုးစားရပါတယ်" လို့ အာတီတာက ပြောဆိုခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ အူဘာမီယန်ကတော့ အာဆင်နယ်ကိုရောက်ပြီး ဒုတိယရာသီမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ သွင်းဂိုးတွေ တဖြည်းဖြည်းလျော့ကျလာခဲ့ပါတယ်။
ဒီရာသီမှာဆိုရင်လည်း လိဂ်ဂိုး ၄ ဂိုးသာ သွင်းယူထားနိုင်သေးပြီး လူငယ်ကစားသမားစမစ်ရိုးထက်တောင်မှ သွင်းဂိုးနည်းပါးနေတာဖြစ်ပါတယ်။