အောင်ပွဲခံအခမ်းအနားမှာ ဘယ်လင်ဟမ် ပွဲကြမ်းနေခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်လူ ဘယ်လင်ဟမ်ကတော့ အသင်းရဲ့ ချန်ပီယံလိဂ်ဖလားနဲ့ အောင်ပွဲခံ အခမ်းအနားမှာ သူ့ရဲ့ စပိန်ဗီဇကို ထုတ်ပြသွားတယ်လို့ ချီးကျူးခံနေရပါတယ်။ ဘယ်လင်ဟမ်ဟာ ဒီအခမ်းအနားတွေမှာ အင်တာဗျူး အစီအစဉ်တွေကို စပိန်လိုမျိုး ဖြေဆိုသွားခဲ့တာပါ။



ဒါ့အပြင် စပိန်လိုမျိုးလည်း သီချင်းဆိုပြနိုင်ခဲ့ပြီး ပရိသတ်တွေကတော့ ဘယ်လင်ဟမ်ကို ချီးကျူးနေကြတာဖြစ်ပါတယ်။ ဘယ်လင်ဟမ်ဟာ အင်္ဂလန်သားတစ်ယောက်ဖြစ်ပေမယ့် စပိန်လိုမျိုးလည်း ပြောနိုင်၊ ဆိုနိုင်လာတာပါ။

ပရိသတ်တွေကလည်း “ရီးရဲလ်ရဲ့ အောင်ပွဲခံအခမ်းအနားက ဘယ်လင်ဟမ်ရဲ့ စပိန်ဗီဇကို ဖွင့်ဟပေးခဲ့တာပဲ” “နည်းနည်းလေး သောက်လိုက်တာနဲ့ ဘယ်လင်ဟမ်ရဲ့ စပိန်ဗီဇက တန်းပေါ်လာတော့တာပဲ” “ဘယ်လင်ဟမ်က အင်တာဗျူးတစ်ခုလုံးကို စပိန်လို ဖြေသွားတာပဲ”


“သူ စပိန်ဘာသာစကားကို ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ ဘယ်လိုများ တတ်သွားခဲ့တာလဲ” လို့ ဆိုရှယ်မီဒီယာပေါ်မှာ အမျိုးမျိုး မှတ်ချက်ပေးခဲ့ကြပါတယ်။ ဘယ်လင်ဟမ်က ရီးရဲလ်ကို မရောက်ခင်က ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်မှာ ကစားခဲ့တာပါ။


ဒေါ့မွန်မတိုင်ခင် ဘာမင်ဂမ်မှာ ကစားခဲ့ဖူးပြီး ဘယ်လင်ဟမ်တစ်ယောက် စပိန်ဘာသာစကားနဲ့ ပတ်သက်လို့ အတွေ့အကြုံ လုံးဝမရှိခဲ့ဘူးလို့ပဲ ပရိသတ်တွေက ယူဆခဲ့ကြတာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ဘယ်လင်ဟမ်က စပိန်ဘာသာစကားကို ကောင်းကောင်းပြောပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က