ပါတေးရဲ့ခြေစွမ်းအပေါ် အာဆင်နယ်ပရိသတ်တွေ အကြီးအကျယ်ဝေဖန်နေကြတာပါ။

အာဆင်နယ်ပရိသတ်တွေကတော့ မနေ့ညက အဲဗာတန်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ သောမတ်စ်ပါတေးရဲ့ခြေစွမ်းကို စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ဝေဖန်နေကြတယ်လို့ သိရှိရပါတယ်။ သောမတ်စ်ပါတေးကိုခေါ်ဖို့ ပရီးမီးယားလိဂ်က ယူနိုက်တက်နဲ့အာဆင်နယ်တို့ အပြိုင်အဆိုင်ဖြစ်ခဲ့ဖူးတာပါ။



ဒါပေမယ့် ပါတေးက အာဆင်နယ်ကိုသာ ရောက်ရှိသွားခဲ့ပြီး အသင်းကိုရောက်လာပြီးတဲ့နောက်မှာ ပါတေးတယောက် ဒဏ်ရာနဲ့ကြံ့ခိုင်မှုပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပါတယ်။ အက်သလက်တီကိုမှာ နည်းပြ ဆီမြွန်နီရဲ့ အဓိက,ကစားသမားဖြစ်ခဲ့တဲ့ ပါတေးအပေါ် အာဆင်နယ်ပရိသတ်တွေ အကြီးအကျယ် မျှော်လင့်ခဲ့ကြပေမယ့် ထင်တဲ့အတိုင်းမဖြစ်လာခဲ့ပါဘူး။

ပါတေးကိုယ်တိုင်က အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲမတိုင်ခင်မှာ သူ့အနေနဲ့ အာဆင်နယ်အတွက် အပြည့်အဝမပေးဆပ်နိုင်သေးဘူးလို့ ဝန်ခံခဲ့ပါတယ်။ သောမတ်စ်ပါတေးက “ကျနော့်ကိုယ်ကျနော် (၁၀) မှာ (၄) လောက်ပဲ သတ်မှတ်ပါတယ်။ ဒါ ကျနော် အခုထက်ပိုကောင်းအောင်လုပ်ဖို့ လိုအပ်တယ်ဆိုတာပါပဲ” လို့ ပွင့်ပွင့်လင်းလင်းပြောကြားထားတာပါ။

အဲဗာတန်နဲ့ပွဲမှာလည်း ပါတေးရဲ့ခြေစွမ်းက တော်တော်လေးဆိုးရွားခဲ့တယ်လို့ဆိုနိုင်ပြီး အထူးသဖြင့် ပြိုင်ဘက်ကစားသမားနဲ့ ဘောလုံးယှဥ်လုမှု (၁၄) ကြိမ်မှာ (၉) ကြိမ်အရေးနိမ့်ခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်လိုအသင်းမျိုးက ကွင်းလယ်ကစားသမားတယောက်အတွက် ဆိုးရွားတဲ့ မှတ်တမ်းတခုလို့ဆိုနိုင်ပါတယ်။

ပွဲအပြီးမှာလည်း ပရိသတ်တွေက ပါတေးရဲ့ခြေစွမ်းကို ဆိုရှယ်မီဒီယာပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး အဆိုးရွားဆုံးဆုးးကြပြ်းထန်ထန် ုရှယ်မီဒီယာပေါ်မု့ လိုအပ်တြိုင်ဘက်ခ့းအနေနဲ့ ဂိုးပေါက်နဲ့ (၂၅) ကိုက်အကွာကနေ ကန်လိုက်တဲ့ ဘောလုံးက ဂိုးဘားတန်းပေါ် တော်တော်လေး ကျော်ထွက်သွားခဲ့တာပါ။ ဒီကန်ချက်ကို ခရစ္စဆပ်တန်ကတောင် “ဂိုးပေါက်နဲ့ တမိုင်လောက်ဝေးတဲ့ ဒီတပတ်အတွက် အဆိုးရွားဆုံး ကန်ချက်ပါပဲ” လို့ မှတ်ချက်ပေးသွားခဲ့ရတာလည်းဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ “သောမတ်စ်ပါတေးက သူ့ကိုယ်သူ သောမတ်စ်ပါတေးဆိုတာကို မေ့နေပုံပဲ” “ပါတေးက ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံး ကွင်းလယ်ကစားသမားဖြစ်နေပြီ” “ပါတေးနဲ့အူဘာမီးယန်း နှစ်ယောက်လုံးကို အာဖရိကဖလားသွားကန်ဖို့ မနက်ဖြန်ပဲ လွှတ်ပေးလိုက်ပါတော့” အစရှိသဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ထိုးနှက်နေကြပါတယ်။ 

Share

က္က