နေ့စဉ် အဓိက စားတဲ့ အစားအစာတွေကလွဲပြီး တခြားအစားအစာတွေ ၊ အဆာပြေစာတွေ ၊ မုန့်တွေဟာ သွားရည်စာတွေ ဖြစ်ပါတယ်။အဆာပြေစာ စားခြင်းက ဆာလောင်မှုကို စီမံခန့်ခွဲဖို့နဲ့ သွေးတွင်းသကြားဓာတ်ထိန်းညှိမှုကို တိုးတက်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ပရိုတိန်း၊ အမျှင်ဓာတ်နဲ့ ကျန်းမာရေးနှင့်ညီညွတ်သော အဆီများပါဝင်တဲ့ အဆာပြေစာတွေဟာ ကိုယ်အလေးချိန်ကျခြင်းကို မြှင့်တင်ပေးနိုင်ပါတယ်။
အခွံမာသီးအဆံများ
Photo: Eat This
အခွံမာသီးတွေရဲ့ အဆံဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ၊ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေ မျှတမှုကို ပေးစွမ်းနိုင်တဲ့ အာဟာရပြည့် သရေစာဖြစ်ပါတယ်။ဒီအဆံတွေဟာ အရသာရှိရုံတင်မကဘဲ ၎င်းတို့ရဲ့ ကယ်လိုရီနဲ့ အဆီပါဝင်မှုက များပေမယ့် အစေ့အဆံတွေ စားသုံးခြင်းက ကိုယ်အလေးချိန် လျှော့ချဖို့ ကူညီပေးပါတယ်။မြန်မာနိုင်ငံမှာဆိုရင် ဗာဒံဆေ့ ၊ ထင်းရှူးစေ့ ၊ သီဟိုဠ်စေ့အပါအဝင် အခွံမာသီးများစွာရှိပါတယ်။ဒါတွေကို ထိန်းသိမ်းဖို့ ရေခဲသေတ္တာမလိုအပ်လို့ သွားရင်းလာရင်း အဆာပြေစားဖို့ သွားရေစာကောင်းဖြစ်ပါတယ်။
ကြက်ဥပြုတ်
Photo: Diabetes Food Hub
ကြက်ဥဟာ ကျန်းမာရေးနှင့် အညီညွတ်ဆုံး ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ကြက်ဥကို တစ်ပတ်မှာ လေးလုံးလောက် စားပေးခြင်းက နှလုံးသွေးကြောဆိုင်ရာ အထောက်အကူပြုပါတယ်။ ကြက်ဥပြုတ်ဟာ ပရိုတင်းဓာတ်များတဲ့ သွားရေစာဖြစ်ပြီး ဗီတာမင် D လို အရေးကြီးတဲ့ အာဟာရတွေရဖို့ အနှစ်ကို အလွန်မကျက်စေဘဲ ထားပါ။
အနက်ရောင်ချောကလက်
Photo: ROYCE's India
အနက်ရောင် ချောကလက်နဲ့ အခွံမာသီးအဆံတွေဟာ အံ့သြဖွယ်ကောင်းတဲ့ အတွဲအစပ်တစ်ခုဖြစ်ပါတယ်။ အခွံမာသီးတွေနဲ့ တွဲဖက်ထားတဲ့ ချောကလက်ဟာ အရသာကောင်းရုံတင်မကဘဲ ကျန်းမာရေးအတွက် သင့်တော်ပါတယ်။အနက်ရောင် ချောကလက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး အခွံမာသီးအဆံတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ဒါဟာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်သလို သယ်ဆောင်ရလည်း လွယ်ကူပါတယ်။အတော်များများက ဒါကို ဝိတ်တက်မလား ၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလားလို့ တွေးမိနေကြတာ ဖြစ်ပါတယ်။
ဒိန်ခဲနဲ့ အသီးအနှံ ဒါမှမဟုတ် crackers
Photo: iStock
ဒိန်ခဲဟာ အရသာရှိပြီး ပရိုတင်းဓာတ်မြင့်မားတဲ့ အစားအစာဖြစ်ပြီး သရေစာအဖြစ် စားသုံးဖို့ သင့်တော်ပါတယ်။ဒိန်ခဲကို မုန့်ကြွပ်(crackers)တွေနဲ့ ဖြစ်ဖြစ် ၊ သစ်သီးတစ်ခြမ်းလောက်နဲ့ ဖြစ်ဖြစ် တွဲစားခြင်းက သရေစာအတွက် သင့်တော်တဲ့ အမျှင်ဓာတ်တွေ ရရှိစေပါတယ်။
Chia ပူတင်း
Photo: Bob's
Chia အစေ့တွေမှာ အမျှင်ဓာတ်၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်နဲ့ အပင်အခြေခံပရိုတင်းတွေ ပါဝင်ပါတယ်။အခုနောက်ပိုင်းမှာ ဝိတ်ထိန်းလိုသူတွေ တော်တော်များများက Chia စေ့ကို စားသုံးလာကြတဲ့အတွက် ဝယ်ရတာ မခက်ခဲတော့ပါဘူး။Chia စေ့ကို ဒီတိုင်းစားရင် အရသာမရှိလှပေမယ့် သူ့ကို ရေစိမ်တဲ့အခါ ဂျယ်လီလေးတွေလို ဖြစ်လာတဲ့အတွက် ပူတင်းလိုမျိုး လုပ်စားခြင်းက အိမ်မှာဖြစ်ဖြစ် သွားရင်းလာရင်းဖြစ်ဖြစ် အရသာရှိရှိ စားနိုင်တဲ့ ဝိတ်ထိန်း သွားရည်စာဖြစ်ပါတယ်။
Ref: Healthline