အကမှာ ပါရမီ ပါတဲ့ သမီးလေး Jewel သာ အနုပညာအလုပ်တွေ ဝါသနာပါရင် ပံ့ပိုးပေးသွားမယ် ဆိုပေမယ့် ပညာတတ် တစ်ယောက် ပိုဖြစ်စေချင်ကြောင်း မျိုးစန္ဒီကျော်က ပြောပြလာပါတယ်။
"Jewel က အခုဆိုအသက် ၇ နှစ်ကျော်သွားပြီ။ သူက အက အရမ်းဝါသနာပါပြီး သူ့ကိုအားပေးကြတာလည်း တွေ့ရတယ်။ ကျောင်းလည်းပိတ်နေတော့ စနေ၊ တနင်္ဂနွေကို ထားဖြစ်တာပေါ့ ။ သူက ၃ နှစ်၊ ၄ နှစ်လောက်ကတည်းက ကတတ်တာ။ အနုပညာမှ ဝါသနာပါတယ်ဆိုလည်း ပံ့ပိုးပေးရမှာပေါ့နော်။ ဒါပေမယ့် အစ်မကတော့ သူ့ကိုပညာတတ်တစ်ယောက်ပဲ ဖြစ်စေချင်တာ။ ကိုယ်တွေမဖြစ်ခဲ့တာ သူ့ကိုဖြစ်စေချင်တာပေါ့"ဆိုပြီး သမီးလေးရဲ့ ဝါသနာနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်။
Photo- Myo Sandy Kyaw FB
Jewel လေးရဲ့ TikTok တွေနဲ့အက ဗီဒီယိုဖိုင်တွေကလည်း လတ်တလောမှာ လူကြိုက်များနေတာဖြစ်ပြီး အရွယ်နဲ့မလိုက်အောင် အချိုးကျကျ ကတတ်တာကြောင့်လည်း ပရိသတ်တွေကသည်းသည်းလှုပ်ဖြစ်နေကြတာပါ။ အနုပညာပိုင်းမှာလည်းဝါသနာပါပုံရတဲ့သမီးလေးကိုလည်း သိသင့်သိထိုက်မယ့်အကြောင်းလေးတွေ ပြောပြဖြစ်တဲ့အကြောင်းကို "ကလေးကိုတစ်ခုပဲ အစ်မကမှာထားတယ်။ အစ်မနဲ့နယ်ရိုက်ကူးရေးတွေသူလိုက်ရင် ပရိသတ်တွေက မျိုးစန္ဒီကျော်သမီးဆိုပြီး ချစ်ကြရင် သူအရမ်းပျော်တယ်။ သမီးလို့အဲ့ဒါ မျိုးက ငွေနဲ့ပေးဝယ်လို့မရဘူးလို့။ လူတစ်ယောက်မုန်းအောင်လုပ်ဖို့ကလွယ်တယ်။ လူတစ်ယောက်ချစ်အောင်လုပ်ဖို့ကဘယ်လိုမှ လုပ်လို့မရဘူး။ အဲ့ဒါကိုယ့်ရဲ့ရပ်တည်ချက်နဲ့ဆိုင်တယ်။ ပြုမူနေထိုင်မှူနဲ့ဆိုင်တယ်ဆိုပြီးသူနားလည်လည် မလည်လည် ငယ်ငယ်ကတည်းက အစ်မကတော့ပြောထားတာပဲ။ အဲ့ဒီ့ဟာကိုသူကသဘောကျတယ်"ဆိုပြီး သမီးလေးနဲ့ပတ်သက်ပြီးပြောပြလာပါတယ်။
Photo-Myo Sandy Kyaw FB
သရုပ်ဆောင်မျိုးစန္ဒီကျော်ရဲ့သမီးလေး Jewel က လတ်တလောမှာတော့ ILBC မှာပညာသင်ကြားနေတာဖြစ်ပြီး The Secret အကသင်တန်းမှာလည်း ၂လ နီးပါး အက သင်နေတာဖြစ်ပါတယ်။ Jewel ကတော့ အကအပြင်သီချင်းဆိုတာလည်း ဝါသနာပါသေးတဲ့အကြောင်းပြောပြလာပါတယ်။
"သီချင်းဆိုရင်သူက English Song တွေနားထောင်တာများတယ်။ အစ်မတောင် သီချင်းတစ်ပုဒ်ကိုဆိုပြီးကျက်တာတောင်မရဘူး။ သူကတစ်ခါတည်းနဲ့ကိုရတာ။ သူတကယ်ဝါသနာပါရင်တော့ အစ်မ ပံ့ပိုးပေးသွားမှာပါ "ဆိုပြီး သမီးလေးရဲ့အနုပညာပါရမီနဲ့ပတ်သက်ပြီးပြောပြခဲ့ပါတယ်။
Photo- Myo Sandy Kyaw FB
Jewel လေးကတော့ သရုပ်ဆောင်မျိုးစန္ဒီ ကျော်ရဲ့ပထမအိမ်ထောင်နဲ့ရရှိခဲ့တဲ့ သမီးလေးဖြစ်ပြီး အခုဆိုရင် အသက်၇နှစ်ကျော်ရှိပြီပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ သမီးဖြစ်သူကိုခင်ပွန်းဟောင်းနဲ့မျိုးစန္ဒီကျော်က အလှည့်ကျ တာဝန်ယူစောင့်ရှောက်နေတာကိုလည်းတွေ့ရပါတယ်။