အဆင့် (၄) အတွက် ပြီးသွားပြီဆိုပြီး အရွဲ့တိုက်သွားခဲ့တာပါ။

စပါးနည်းပြကြီး ပိုစတီဂလူးက မနေ့ညက ဖူလ်ဟမ်ကို သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့နောက် သူ့အသင်းရဲ့ ထိပ်ဆုံးလေးသင်း မျှော်လင့်ချက်က ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ အဆင့် (၆) အတွက်ပဲ ကြိုးစားတော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတ​ယ်။ စပါးဟာ လန်ဒန်ဒါဘီမှာ မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။



အဲ့ဒါကြောင့်လည်း သူတို့ရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲတွေအများကြီးကျန်သေးတာကြောင့်လည်း ဗီလာနဲ့အပြိုင် ကြိုးစားခွင့်ရှိနေဆဲပါ။

ဒါပေမယ့်လည်း စကိုင်းစပေါ့က သတင်းထောက် အမ်မာဆောင်ဒါစ်က စပါးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် အဆုံးသတ်သွားပြီလားလို့ ပွဲအပြီး အင်တာဗျူးမှာ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီအချိန်မှာ ပိုစတီဂလူးက “ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထိပ်ဆုံးလေးသင်း ပြိုင်ဆိုင်မှု၊ မျှော်လင့်ချက်က အားလုံးပြီးဆုံးသွားပါပြီ”​

“ကျွန်တော်တို့ အဆင့် (၆) နေရာအတွက်ပဲ ကြိုးစားပါတော့မယ်။ ကျွန်တော်တို့က အခုမှ အက်စတွန်ဗီလာနဲ့ (၂) မှတ်ပဲ ကွာဟသေးတာပါ။ နောက်ပြီး ဆယ်ပွဲလောက် ကစားဖို့လည်း ကျန်ပါသေးတယ်” လို့ အရွဲ့တိုက်ပြီး ဖြေကြားသွားခဲ့ပါတယ်။

စပါးဟာ မထင်မှတ်ထားတဲ့အချိန်တွေမှာ မကြာခဏ အမှတ်ဆုံးရှုံးတာမျိုး၊ မရှုံးသင့်တဲ့ပွဲတွေမှာ ရှုံးနိမ့်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒီအချက်တွေက အရင်ကတည်းက ဖြစ်နေကျလိုမျိုး ဖြစ်နေပြီး ဒါတွေကြောင့် စပါးရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ထိခိုက်နိုင်တယ်လို့လည်း ပရိသတ်တွေက ထင်မြင်ယူဆနေပါတယ်။

Share

Loading Next Article...
က္က