မယ်စဲ့ အမှတ် ၂ မဲဆန္ဒနယ် ကနေဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ရာထူးကရပ်စဲလိုက်တဲ့ကိစ္စဟာ ရွေးကောက်ပွဲဝင်မယ့် အပေါ် ထိခိုက်မှုမရှိကြောင်း၊ ကြေညာထားတဲ့အတိုင်း ဝင်ရောက်အရွေးခံမှာဖြစ်တယ်လို့ NLD ရဲ့ပြောဆိုခွင့်ရှိသူ မုံရွာအောင်ရှင်ကပြောပါတယ်။



နောက်ပြီး ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တာဝန်ကနေရပ်စဲခံလိုက်ရတာဟာ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌရဲ့ ပုဂ္ဂိုလ်ရေးအာဃာတတွေနဲ့ ရွေးကောက်ပွဲကို ချိန်ကိုက်ပြီးလုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့မညီတဲ့ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

" ဒါဟာလွှတ်တော်ကိစ္စဖြစ်တယ်။ ရွေးကောက်ခံခွင့်နဲ့ မဆိုင်ဘူး၊ ဒါကြောင့် ဝန်ကြီးချုပ်ဟာ မယ်စဲ့ အမှတ် ၂ မဲဆန္ဒနယ် ကနေဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်။ ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်မှုကလည်း လွှတ်တော်ဥက္ကဋ္ဌရဲ့ ပုဂ္ဂိုလ်ရေးအာဃာတလို့ သုံးသပ်တယ်။ ဒီမှာ လုပ်ထုံးလုပ်နည်း ပြဿနာရှိနေတယ်။ ဘာကြောင့်ဆို ဒီီစွပ်စွဲပြစ်တင်မှုက ပြီးခဲ့တဲ့ ၂၀၁၇ - ၁၈ ကတည်းက လွှတ်တော်မှာ ဖြေရှင်းပြီးသားဖြစ်တယ်၊ နောက်စွပ်စွဲပြစ်တင်သူ လူဦးရေမပြည့်ဘဲ ဒါကို လုပ်လိုက်တယ်။ စွပ်စွဲပြစ်တင်တဲ့သူတွေကပဲ တရားသူကြီးလုပ်ဆုံးဖြတ်တယ်။ NLD ပါတီဝင်မဟုတ်တဲ့ ပြင်ပ ပါတီဝင်တွေနဲ့ လုပ်သွားတယ်" လို့ မုံရွာအောင်ရှင်ကပြောပါတယ်။

ပြည်နယ် လွှတ်တော်ဆုံးဖြတ် ချက်အရ ဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲဖို့ ဥပဒေအရ သမ္မတကအမိန့်ချမှတ်လိုက်ပေမယ့် အဲ့ဒီီစွပ်စွဲပြစ်တင်မှု ဖြစ်စဉ်တစ်ခုလုံးကတော့ လုပ်ထုံးလုပ်နည်းတဲ့မညီဘူးလို့ ဆိုပါတယ်။ 

ဒါကြောင့် NLD ပါတီဟာ ကယားဝန်ကြီးချုပ်အပေါ် ပြည်နယ်လွှတ်တော်ကနေ စွပ်စွဲပြစ်တင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပုဂ္ဂိုလ်ရေး ပွတ်တိုက်မှုကြောင့် လုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး NLD အဖွဲ့ ချုပ်ဗဟိုဟာ ယခင်ကတည်းက  အကြိမ်ကြိမ် စေ့စပ်ညှိနိူင်းခဲ့ဖူးတယ်လို့ သိရပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုကို ကယားပြည်နယ်နေ့ကျင်းပဖို့ သတ်မှတ်ပေးထားတဲ့မြေနေရာ ကို ပုဂ္ဂလိကကို ငှါးရမ်းထားခြင်း၊ စက်ယန္တရား ဝယ်ယူမှု ပွင့်လင်းမြင်သာမရှိခြင်းတွေဟာ ဥပဒေကို ကျူးလွန်ဖောက်ဖျက်ခြင်းဖြစ်တာကြောင့် လက်ရှိတာဝန်ကို ဆက်ထမ်းဆောင်ဖို့မသင့်ဘူးဆိုပြီး စွပ်စွဲပြစ်တင်မှုနဲ့ ပတ်သက်ပြီး အစီရင်ခံစာကို သြဂုတ်လ ၂၈ ရက်နေ့က လွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်းခဲ့ပါတယ်။

အဲ့ဒီ အစီရင်ခံစာကို စက်တင်ဘာလ ၁ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် ၁၈ ကြိမ်မြောက် ပထမနေ့မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ကာ သမ္မတဆီ တင်ပြခဲ့တာဖြစ်ပတယ်။ အဲဒီနောက်စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ဝန်ကြီးချုပ်တာဝန်ကနေ ရပ်စဲလိုက်ပြီဖြစ်တယ်လို့ သမ္မတက အမိန့်ကြေညာစာထုတ်ပြန်ခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က