မုတ်သုံလေဝင်ရောက်မှု ပုံမှန်ထက်နောက်ကျမှာပါ။

မိုးဦးကာလရောက်လာပေမယ့်လည်း အယ်လ်နီညိုရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ ရာသီဥတု ဆက်လက် ပူပြင်းဦးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

မုတ်သုံလေဟာ မေလ ၁၈ ရက်ကနေ ၂၃ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို အရင်ဆုံးဝင်ရောက်မှာဖြစ်ပြီး မေလ ၂၄ ရက်ကနေ ၂၈ ရက်အတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်မှာလည်းဖြစ်ပါတယ်။

"ဒီနှစ်ကတော့ မိုးဦးကာလမှာ မိုးရွာတာနည်းမယ်။ မိုးလယ်နဲ့ မိုးနှောင်းမှာတော့ မုတ်သုံလေအားကောင်းမှာ ဖြစ်လို့ မိုးနည်းနည်းပိုကောင်းမယ်။ အယ်လ်နီညိုရဲ့ သက်ရောက်မှုက စက်တင်ဘာလလောက်အထိ ရှိနေဦးမှာ ဖြစ်လို့ မိုးဦးမှာတော့ မိုးနည်းနည်းညံ့နိုင်တယ်။ မုတ်သုံလေမဝင်ခင်ထိတော့ ပူဦးမှာပါ” လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

မေလ ၂၉ ရက်ကနေ ဇွန်လ ၃ ရက်အထိ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ဝင်ရောက်ပြီး မြန်မာတစ်နိုင်ငံလုံးကိုတော့ ဇွန်လ ၃ ရက်ကနေ ၈ ရက်အတွင်းဝင်ရောက်မယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ယခုနှစ် မုတ်သုံလေဝင်ရောက်မှုဟာ အရင်နှစ်တွေကထက် ဝင်ရောက်မှု အနည်းငယ်နောက်ကျနေပြီး မုတ်သုံလေဝင်ပြီးရင်တော့ ရာသီဥတု အပူချိန် လျော့ကျသွားမယ်လို့ မိုးဇလညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဆိုပါတယ်။

မေလအတွင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း (၂) ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာ ပိုမိုအားကောင်းတဲ့ မုန်တိုင်းငယ်တစ်ခု ဝင်ေရောက်လာနိုင်တာကြောင့် သတိပြုဖို့လိုအပ်တယ်လို့ သိရပါတယ်။

မေလ ပထမပတ် ၁၀ ရက်အတွင်းမှာ စစ်ကိုင်းတိုင်းအထက်၊ တနသာၤရီတိုင်း၊ ကချင်၊ ချင်း၊ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုရွာနိုင်ပြီး စစ်ကိုင်းတိုင်းအောက်၊ မန္တလေး၊မကွေး၊ပဲခူး၊ရန်ကုန်၊ဧရာဝတီတိုင်း၊ ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ ပုံမှန်ရွာသွန်းနိုင်ပါတယ်။

အပူချိန်တွေအနေနဲ့ကတော့စစ်ကိုင်းတိုင်းအောက်၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့မှာ မေလ ပုံမှန်အပူချိန် (၁.၅)ဒီဂရီစင်တီဂရိတ်နဲ့ အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းအထက်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ချင်း၊ရခိုင်၊ကယား၊ ကရင်နဲ့ မွန်ပြည်နယ် တို့မှာ မေလရဲ့ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်တယ်ဆိုပြီး မိုးဇလဌာနက ကြေညာထားပါတယ်။

Share

Loading Next Article...
က္က