ခြေသလုံးကြွက်သားဒဏ်ရာရထားတာပါ။

ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် လီဗာပူးအသင်းရဲ့ ပြိုင်ပွဲစုံ ၉ ပွဲလုံးကို လွဲချော်ထားရသူ ဖြစ်ပြီး ကလော့ပ် ကတော့ အလောတကြီး အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ အဓိက ဂိုးသမား အယ်လစ်ဆန်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ ယာဂျင်ကလော့ပ်က ထုတ်ဖော်ပြောခဲ့တယ်လို့ BBC SPORTက ဖော်ပြလာပါတယ်။



လာမယ့် လက်စတာအသင်းနဲ့ပွဲမှာ ပါဝင်နိုင်ဖွယ်ရှိနေပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲမှာတော့ သေချာပေါက်မျှော်လင့်မိတယ်လို့ ကလော့ပ်က ပြောခဲ့တာပါ။

“ အခုဟာက အခြေအနေနှစ်ရပ်ရှိပါတယ်၊ တစ်ခုက အယ်လစ်ဆန်အတွက်တစ်ခုက ဆေးဌာနအတွက်။ဒီတော့ ဘယ်ဟာကို ပိုသတိထားရမလဲဆိုတာ ကျွန်တော်တို့ စောင့်ဖို့လိုပါတယ်။” လို့ ကလော့ပ်က ပြောခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ဘရာဇီး ဂိုးသမား အယ်လစ်ဆန်ကတော့ နောဝှစ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယား လိဂ်အဖွင့်ပွဲမှာ ရရှိခဲ့တဲ့ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် လီဗာပူးအသင်းရဲ့ ပြိုင်ပွဲစုံ ၉ ပွဲထိ လွဲချော်ထားပါ တယ်။



“သူလေ့ကျင့်ရေးမှာ ကောင်းမွန်စွာ ကစားနေနိုင်တာတွေ့ပေမယ့် သူရထားခဲ့တဲ့ ဒဏ်ရာက ကြီးတယ်၊ ဒါကြောင့် ကျွန်တော်မလိုလားအပ်ပဲ အလောတကြီး အသုံးပြုဖို့ စဉ်းစားသွားမှာ မဟုတ်ပါဘူး။” လို့လည်း ကလော့ပ်က ပြောခဲ့ပါသေးတယ်။

လီဗာပူးအသင်းကတော့ ဒီညမှာ ဆဲလ်ဘတ်အသင်းကို ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် အိမ်ကွင်းဧည့်ခံ ကစားဖို့ ရှိနေပြီး အဲ့နောက် လက်စတာနဲ့ ပရီမီးယားလိဂ်ပွဲထပ်ကစားကာ နိုင်ငံတကာပြိုင်ပွဲအတွက် အနားရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာပြိုင်ပွဲအပြီး လာမယ့် အောက်တိုဘာ ၂၀ မှာတော့ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကို သွားရောက်ပြီး ပရီးမီးယားလိဂ်ပွဲအဖြစ်ယှဉ်ပြိုင်ကစားဖို့ရှိနေပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က