မလိုချင်တဲ့မှတ်တမ်းဆိုး တစ်ခုကို ပိုင်ဆိုင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နေ့ညက ယူရိုပါလိဂ်ပွဲစဉ်အဖြစ် အယ်ခမာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပြီးနောက် စံချိန်ဆိုးတစ်ခု ရရှိခဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညနေခင်းမှာ အယ်ခမာအသင်းကို ဂိုးပေါက်ခြိမ်းခြောက်ဖို့ ရုန်းကန်ခဲ့ရပြီး ဂျက်ဆီလင်ဂတ်က ယူနိုက်တက်ရဲ့ အကောင်းဆုံးအခွင့်အရေးကို ဖြုန်တီးခဲ့တဲ့အတွက် ဂိုးရရှိမယ့်အခွင့်အရေးနစ်နာခဲ့ရတာဖြစ်ပါတယ်။

အိမ်ရှင် အယ်ခမာအသင်းဟာ ပိုမိုကောင်းမွန်တဲ့အခွင့်အရေးတွေ ရရှိခဲ့ပြီး မိုင်ရွန်ဘိုအာဒူရဲ့ ပထမပိုင်း သွင်းဂိုးဟာ လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်း ကံကောင်းသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းသမိုင်းကြောင်းတလျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ်ပွဲစဉ်မှာ ဂိုးပေါက်တစ်ကြိမ်မှ ကန်သွင်းနိုင်ခြင်းမရှိတဲ့ မှတ်တမ်းဆိုးတစ်ခု ပိုင်ဆိုင်ခဲ့တယ်လို့ သိရပြီး နည်းပြဆိုးလ်ရှားက ပွဲအပြီးမှာ မြက်ခင်းတုကွင်းကြောင့် ကစားရခက်ခဲခဲ့တယ်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။



“လူလုပ်ထားတဲ့ကွင်းမှာ ကွဲပြားခြားနားတဲ့ အားကစားနည်းလိုမျိုးဖြစ်ခဲ့ပါတယ်”

“ကျွန်တော်တို့ အသားကျအောင် လုပ်ခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်တို့ အပြောင်းအလဲအနည်းငယ်လုပ်ခဲ့တယ်။ ကျွန်တော်တို့ ၃ မှတ်ရခဲ့သင့်ပေမယ့်လည်း ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ ကောင်းမွန်တဲ့ရမှတ်ကို အဝေးကွင်းမှာ ရယူခဲ့တယ်”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က