ရွှေရည်သုန်သုန်က သဉ္ဇာနွယ်ဝင်းနဲ့ အနုပညာအလုပ်တွေ အတူတူလုပ်ခွင့်ရတဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ အစ်မ အရင်းတစ်ယောက်လို ချစ်ခင်မိတယ်လို့ ရွှေရည်သုန်သုန်က ပြောပါတယ်။
Photo: ရွှေရည်သုန်သုန်
သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းနဲ့ ရွှေရည်သုန်သုန်တို့က အခုဆိုရင် ကြော်ငြာရိုက်ကူးရေးတွေ အတူတူလုပ်နေတာ တွေ့ရပါတယ်။ သဉ္ဇာနွယ်ဝင်း နဲ့ ရွှေရည်သုန်သုန်တို့ရဲ့ ရင်းနှီးမှုတွေကို ရွှေရည်သုန်သုန်က အခုလို ပြောပြလာပါတယ်။
‘’My crush my idol my heart မမနဲ့ခင်မင်တာကြာလေလေ ပိုပိုပြီး ချစ်လာလေလေပဲ။ မာနကင်းတဲ့ စိတ်ထားနဲ့ခင်မင်ပေးတဲ့အတွက်လည်း ရင်ထဲမှာ အမြဲကျေးဇူးတင်မိတယ်။ ကိုယ်အသည်းစွဲချစ်ခင်အားပေးရတဲ့သူကို ကိုယ့် အမရင်းတစ်ယောက်လို ပိုင်ဆိုင်ထားရတာ အမြဲကံကောင်းတယ်လို့ ခံစားမိပါတယ်’’ ဆိုပြီး တော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက် ၁၀ နာရီ ၁၁ မိနစ် က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ပါတယ်။
Photo: ရွှေရည်သုန်သုန်
အဲဒီနောက် အစ်မအရင်းတစ်ယောက်လို အနှိုင်းမဲ့ ချစ်ခင်မိတယ်လို့လည်း ရွှေရည်သုန်သုန်က ဆက်လက်ပြောပြထားပါတယ်။
‘’မမဘေးနားမှာနေရတဲ့အချိန်တိုင်း ခင်ခင်မင်မင်၊ ပျော်ပျာ်ရွှင်ရွှင် ၊ ကြင်ကြင်နာနာ၊ ရယ်ရယ်မောမောနဲ့ အေးချမ်းပြီး သိပ်ကျေနပ်စရာကောင်းတယ်။ မမက သုန်သုန့်အတွက်တကယ့် အမရင်းတစ်ယောက်လို အနှိုင်းမဲ့ပါ’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။
Photo: ရွှေရည်သုန်သုန်
သဉ္ဇာနွယ်ဝင်းဟာ အခုဆိုရင် မက်မွန်သီးလေးလို့ ချစ်စနိုးခေါ်တဲ့ သားလေးတစ်ယောက်ရယ်၊ ခင်ပွန်းဖြစ်သူရယ်နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့ကမင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
Photo: ရွှေရည်သုန်သုန်
ရွှေရည်သုန်သုန်ကိုတော့ မော်ဒယ်တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစားဟာ အရုပ်မလေးနဲ့တူတာကြောင့် သူ့ရဲ့ ပရိသတ်တွေက အရုပ်လေးလို့လည်း ခေါ်ဝေါ်ကြတာ တွေ့ရပါတယ်။ ရွှေရည်သုန်သုန်က လက်ရှိမှာ မဂ္ဂဇင်းကာဗာ၊ တီဗီကြော်ငြာတွေ ဆက်တိုက် ရိုက်ကူးနေတာကို တွေ့ရပါတယ်။