ဘရာဇီးမှာ ကူးစက်ခံမှုဟာ တရားဝင် ကိန်းဂဏန်းထက် ၁၅ ဆပိုများနိုင်ကြောင်း လေ့လာမှုတစ်ခုက ခန့်မှန်းခဲ့ပါတယ်။

ဘရာဇီးနိုင်ငံမှာ COVID-19 ကြောင့် နေ့စဥ် သေဆုံးမှုအရေအတွက် စံချိန်တင် အများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။

(Photo: AfricaNews)

မေ ၁၂ ရက်နေ့က ဘရာဇီးမှာ COVID-19 ကြောင့် ၈၈၁ ဦး သေဆုံးခဲ့ပြီး နေ့စဥ် သေဆုံးမှုအရေအတွက် စံချိန်တင် အများဆုံးဖြစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လက်ရှိအချိန်အထိ ဘရာဇီးမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်း ၁၂,၄၀၀ နဲ့ ကူးစက်ခံရသူ ၁၇၈,၂၁၄ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။



ဘရာဇီးဟာ တောင်အမေရိကမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်ဖြစ်နေပြီး ကမ္ဘာတစ်ဝှမ်း COVID-19 ကြောင့် သေဆုံးမှုအများဆုံး ဆဋ္ဌမမြောက် နိုင်ငံလည်းဖြစ်နေပါတယ်။ ဘရာဇီးမှာ ဗိုင်းရပ်စ် စစ်ဆေးနိုင်မှု နည်းပါးခြင်းကြောင့် COVID-19 ကြောင့် သေဆုံးသူဦးရေဟာ ယခုထက်ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

(Photo: Raphael Alves/EPA-EFE)

"ဘရာဇီးက ဆေးရုံရောက်လာသူတွေကိုပဲ စစ်ဆေးနေတာပါ၊ ရရှိနိုင်တဲ့ အချက်အလက်တွေပေါ်မူတည်ပြီး အမှန်တစ်ကယ် ဘာဖြစ်နေတယ်ဆိုတာ သိရဖို့က ခက်ခဲပါတယ်" လို့ University of Säo Paulo Medical School မှ ဒိုမင်ဂိုအဲလ်ဗက်စ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ၎င်းဟာ ဘရာဇီးမှာ COVID-19 ကူးစက်ခံမှုဟာ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းထက် ၁၅ ဆပိုများနိုင်ကြောင်း ခန့်မှန်းထားတဲ့ လေ့လာမှုကို ပြုလုပ်ခဲ့သူတွေအနက် တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ဘရာဇီးက အမေရိကန်ပြီးလျှင် ကမ္ဘာ့အနောက်ခြမ်းမှာ COVID-19 ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က အမေရိကဟာ လက်ရှိမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်ဖြစ်နေကြောင်း ပြောထားပါတယ်။

(Photo:Anadolu Agency)

ဘရာဇီးမှာ လာမယ့် သီတင်းပတ်များအတွင်း ကူးစက်မှုတွေ ပိုမိုမြင့်တက်လာနိုင်ပြီး ကျန်းမာရေးစနစ် မနိုင်မနင်းဖြစ်လာနိုင်မှုအပေါ် ကျွမ်းကျင်သူတွေက စိုးရိမ်နေပါတယ်။ သို့သော် လက်ယာစွန်းရောက် ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုလ်ဆွန်နာရိုကတော့ ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှု အလွန်အမင်း စိုးရိမ်စရာမလိုကြောင်း အကြိမ်ကြိမ်ပြောခဲ့ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့တော်ဝန်တွေကို ကူးစက်မှုထိန်းချုပ်ရေး တင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်လုပ်ဆောင်မှုအတွက် ဝေဖန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က