မန္တလေးတိုင်း ငါးဇွန်မြို့နယ်က ဆေးခြောက် စိုက်ခင်းပိုင်ရှင် (၃) ဦးကို ဖမ်းဆီးမိပြီလို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Photo - CCDAC
ဧပြီလ ၂၂ ရက် ညနေ ငါးနာရီအချိန်လောက်က မူးယစ်တပ်ဖွဲ့ဝင်တွေ၊ ဓာတုဗေဒစစ်ဆေးရေးဌာနခွဲ တာဝန်ရှိသူတွေ ပူးပေါင်းပြီး မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မန္တလေးမြို့သာစက်မှု ဥယျာဉ်မြို့တော်ဝင်း၊ အမှတ် (၂) လုပ်ကွက်အတွင်းရှိ III M Glabal Nutracetical Company စိုက်ခင်းကို စစ်ဆေးခဲ့ကြောင်းသိရပါတယ်။
Photo - CCDAC
ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့ပြီး အသက် (၃၇) နှစ်အရွယ် ရှိန်းလတ်၊ အသက် (၂၃) နှစ်အရွယ် မရွှန်းလဲ့မြတ်နိုး၊ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki (၆၃)နှစ်တို့ကို ဖမ်းဆီးမိခဲ့ပြီး နောက်ထပ်အမေရိကန်နိုင်ငံသားတစ်ဦး Mr. Alexander Skemp Todoroki (စုံစမ်းဆဲ)တို့ကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။