ဆလိုဗက်ကီးယားအရန်ခုံတန်းကို လုပ်ပြခဲ့တာပါ။

အင်္ဂလန်ကွင်းလယ် ကစားသမား ဘယ်လင်ဟမ်ဟာ ဆလိုဗက်ကီးယားကို နိုင်ခဲ့တဲ့ ယူရိုရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်မှာ မလျော်ကန်တဲ့ အပြုအမူကို ပြုမူခဲ့လို့ စွဲချက်တင်ခံထားရပါတယ်။ ဒီပွဲမှာ အင်္ဂလန်တို့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ပွဲကစားချိန် နောက်ဆုံးမိနစ်ရဲ့ နောက်ဆုံးစက္ကန့်မှာ အင်္ဂလန်တို့ ဘယ်လင်ဟမ်ရဲ့ နောက်ပြန်ကန်ချက်ကြောင့် ချေပဂိုးရခဲ့ပြီး အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုစစချင်းမှာတင် ဟယ်ရီကိန်းက အင်္ဂလန်အတွက် အနိုင်ဂိုး သွင်းပေးခဲ့ပြီး အင်္ဂလန်တို့ ကွာတားဖိုင်နယ် တက်ခဲ့တာပါ။

ဒီပွဲမှာ ဘယ်လင်ဟမ်က အင်္ဂလန်အတွက် အဖိုးတန်ချေပဂိုး သွင်းယူပြီးတဲ့နောက် ဆလိုဗက်ကီးယားရဲ့ အရန်ခုံတန်းဘက်ကိုလှည့်ကာ မတော်ရာကို ကိုင်ပြခဲ့ပါတယ်။ ဒီလုပ်ရပ်ကို ရုပ်သံမှတ်တမ်းတွေက အမိအရ ဖော်ပြခဲ့သလို့ ယူအီးအက်ဖ်အေကလည်း ဘယ်လင်ဟမ်ကို စွဲချက်တင်ထားခဲ့ပါတယ်။

ဘယ်လင်ဟမ်အနေနဲ့ ပြစ်မှုထင်ရှားခဲ့ပြီး ကံဆိုးခဲ့ရင် တစ်ပွဲပယ်ပြစ်ဒဏ်ပါ ကျခံရနိုင်ခြေရှိတာပါ။ ဒါပေမယ့်လည်း ပွဲပယ်ပြစ်ဒဏ်ထက်စာရင် ဒဏ်ကြေးငွေ ယူရို (၂) သောင်းကသာ ပိုပြီး ဖြစ်နိုင်ခြေများတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

ဒီပွဲမှာ ဘယ်လင်ဟမ်အပြင် အင်္ဂလန်ကလည်း ပရိသတ်တွေရဲ့ လုပ်ရပ်ကြောင့် စွဲချက်တင်ခံထားရပါသေးတယ်။ အင်္ဂလန်ပရိသတ်တွေဟာ ကွင်းအတွင်း မီးရှူးမီးပန်းတွေ ဖောက်ခဲ့သလို စည်းကမ်းမရှိတဲ့ အပြုအမူတွေကိုလည်း ကျူးလွန်ခဲ့တာကြောင့် အခုလိုမျိုး စွဲချက်တင်ခံထားရတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က