ချယ်လ်ဆိးပရိသတ်တွေ တော်တော်လေးပေါက်ကွဲနေကြတာပါ။

ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကတော့ အသင်းပရိသတ်တွေရဲ့ ရာထူးက ထုတ်ပယ်ပေးဖို့ တောင်းဆိုတာတွေကို ရင်ဆိုင်နေရပြန်ပါပြီ။ ဗီလာကို ၂-၀နဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့နောက်မှာ ပေါ်တာတယောက် ပြီးခဲ့တဲ့လအတွင်းက ရလဒ်ကောင်းလေးတွေအတွက် ပျော်လို့တောင်မဆုံးခင်မှာပဲ နည်းပြထိုင်ခုံက ပြန်လှုပ်ခတ်လာခဲ့ပါတယ်။ ဒီရှုံးပွဲနဲ့အတူ ချယ်လ်ဆီးဟာ အဆင့် ၁၁ နေရာကိုပါ ရောက်ရှိသွားခဲ့ပါတယ်။ 

ဖြစ်ချင်တော့ တဖက်မှာ ဘိုင်ယန်မြူးနစ်နည်းပြသစ်အဖြစ်နဲ့ တာဝန်ယူခဲ့တဲ့ တူချယ်လ်က ဒေါ့မွန်ကို အနိုင်ယူသွားခဲ့တာပါ။ ချယ်လ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ တူချယ်လ်က ဘိုင်ယန်အတွက် ပထမဆုံးပွဲမှာပဲ ရလဒ်ကောင်း​ယူဆောင်ပေးခဲ့လို့ ချယ်လ်ဆီးပရိသတ်တွေရဲ့ စိတ်ခံစားချက်တွေက ပိုမိုဆိုးရွားလာခဲ့ပြီး ပေါ်တာအပေါ် ပိုပြီးတော့ စိတ်ပျက်လာခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ 

တူချယ်လ်ဟာ ဒေါ့မွန်ကို ၄ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်တဲ့အထိ ဘိုင်ယန်ကို ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။ မနေ့ညက ဒီပွဲတွေအပြီးမှာတော့ ချယ်လ်ဆီးပရိသတ်တွေက "ပေါ်တာအတွက် တူချယ်လ်ကို တကယ်ပဲ ထုတ်ပယ်ခဲ့တာလား" လို့ တွစ်တာမှာ ရေးသားပြောဆိုခဲ့သလို တူချယ်လ်အတွက် နိုင်ပွဲတပွဲရဖို့က လေ့ကျင့်ခန်းအစီအစဉ် တခုသာ လိုအပ်တယ်လို့လည်း ဆိုခဲ့ကြပါတယ်။ 

"ချယ်လ်ဆီးသမိုင်းမှာ ပေါ်တာက အဆိုးရွားဆုံးနည်းပြပဲ၊ ငါတို့က ဗီလာကို ရှုံးနေချိန်မှာ တူချယ်လ်က ဒေါ့မွန်ကို စိတ်ကြိုက်သမနေပြီ၊ ဘာတွေလဲကွာ" လို့လည်း ပြောဆိုခဲ့ကြပါတယ်။ တူချယ်လ်ဟာ အသင်းဟောင်းဒေါ့မွန်ကို ပြန်လည်အနိုင်ယူပြီးနောက် ဘိုင်ယန်ကို အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါက သူ့ကို ချယ်လ်ဆီးပရိသတ်တွေ လွမ်းနေစေဖို့လည်း ဖြစ်လာခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က