မူလာတစ်ယောက် လေ့ကျင့်ရေးကွင်းမှာ ကနေတာပါ။

ဒီနေ့ညမှာ ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ ယူနိုက်တက်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘိုင်ယန်မြူးနစ်က ဧည့်သည်အသင်းကို အထင်သေးနေပြီလို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၁)၊ ဒုတိယညပွဲစဉ်တွေမှာ ဒီနှစ်သင်းက ရင်ဆိုင်ရမှာပါ။



ယူနိုက်တက်ဟာ ခြေစွမ်းနဲ့ ရလဒ်ပိုင်း ဆိုးရွားနေချိန်မှာ အခုလိုမျိုး ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းပွဲအဖြစ် သွားရောက်ရင်ဆိုင်ရမှာပါ။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ ဂျာမန်မြေမှာ ဂျာမန်ဘီလူးကြီးကို ကျော်နိုင်မှာ မဟုတ်ဘူးလို့ ပရိသတ်တွေက သုံးသပ်ထားပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်လ်၊ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းတို့ကတော့ ယူနိုက်တက်ကို လျှော့တွက်လို့မရကြောင်း၊ အထင်မသေးဘဲ လေးလေးစားစား ရင်ဆိုင်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း အခု ဘိုင်ယန်မြူးနစ်လေ့ကျင့်ရေးကွင်းကနေ ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေအရ ဘိုင်ယန်မြူးနစ်က ယူနိုက်တက်နဲ့ပွဲကို စိတ်ထဲတောင် မထားဘူးလို့ ပရိသတ်တွေက သုံးသပ်နေပါတယ်။

ဒီဗီဒီယိုထဲမှာ မူလာက သူ့ကို ရိုက်ကူးရေး ကင်မရာတစ်လုံးနဲ့ ရိုက်ကူးနေချိန်မှာ ပေါ့ပါးတဲ့ပုံစံနဲ့ ငှက်တစ်ကောင်သဖွယ် ဟန်လုပ်ကာ ခုန်ဆွဆွနဲ့ လမ်းလျှောက်လာခဲ့တာပါ။ ဒီမြင်ကွင်းကို ဘိုင်ယန်မြူးနစ်နည်းပြအဖွဲ့ဝင်တွေကလည်း သဘောကျကာ မူလာကို ရယ်မောနေခဲ့ကြပါတယ်။

အဲ့ဒါကြောင့်လည်း ပရိသတ်တွေက “ဘိုင်ယန်မြူးနစ်က ငါတို့ကို အထင်သေးနေပြီ။ တွေ့ကြတာပေါ့” “ဘိုင်ယန်မြူးနစ်က ယူနိုက်တက်နဲ့ပွဲအတွက် လေးလေးနက်နက်တောင် လေ့ကျင့်ခန်းမဆင်းပါဘူး” “ယူနိုက်တက်နဲ့ ရင်ဆိုင်မယ့်ပွဲအတွက် လေ့ကျင့်ခန်းအစီအစဉ်ပါ” လို့ အသီးသီး မှတ်ချက်ပြုသွားခဲ့ပါတယ်။  

Share

Loading Next Article...
က္က