PSG ကတော့ အထိနာပြီးရင်း နာနေတော့တာပါပဲ။

ဘွန်ဒက်လီဂါကလပ် အော့စ်ဘတ်ကတော့ ပီအက်စ်ဂျီကို သူတို့ရဲ့ တွစ်တာအကောင့်ကနေ ထိုးနှက်သွားခဲ့ပါတယ်။ မနေ့ညက ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ အော့စ်ဘတ်တို့ ၅-၃ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ကစားသမားအင်အားချင်းကွာခြားပေမယ့်လည်း အော့စ်ဘတ်က ဘိုင်ယန်ကို ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပြီး ဂိုးပြတ်အရေးနိမ့်နေချိန်မှာတောင်မှ ၃ဂိုးရအ​ောင် ပြန်သွင်းနိုင်ခဲ့ပြီး ရှုံးပေမယ့် ရှုံးပျော်တယ်ဆိုတဲ့ အနေအထားမှာ ရှိခဲ့တာပါ။ 

ဒီပွဲအပြီးမှာတော့ အော့စ်ဘတ်က သူတို့ရဲ့ တွစ်တာအကောင့်မှာ မက်ဆီ၊ နေမာနဲ့ ဘတ်ပီတို့ပါတဲ့ ပုံမှာ ပီအက်စ်ဂျီ ၀- ၃ အော့စ်ဘတ်ဆိုတဲ့ ပုံကိုတင်ကာ လှောင်ပြောင်ခဲ့ပါတယ်။ ဒါဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဘိုင်ယန်မြူးနစ်ဘက်ကို နှစ်ကျော့စလုံး တဂိုးမှမသွင်းနိင်ခဲ့တဲ့ ပြင်သစ်ကလပ်ကို အကြီးအကျယ်အထိနာစေအောင် ထိုးနှက်လိုက်တာလည်းဖြစ်ပါတယ်။ 

ပီအက်စ်ဂျီဟာ ဘိုင်ယန်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲကထွက်ခဲ့ရ​ပြီး မက်ဆီနဲ့ ဘတ်ပီအပါအဝင် နာမည်ကျော်ကစားသမားတွေရှိခဲ့ပေမယ့် ဘိုင်ယန်ကို တဂိုးမှမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အော့စ်ဘတ်ကတော့ ဘွန်ဒက်လီဂါ အဝေးကွင်းပွဲမှာ အိမ်ရှင်ဘိုင်ယန်ကို ၃ ဂိုးအထိ ပြန်သွင်းနိုင်ခဲ့ပြီး ဒီအတွက် ဂုဏ်ယူနေခဲ့ဟန်ရှိပါတယ်။ 

သေချာတွေးကြည့်မယ်ဆိုရင်လည်း ပီအက်စ်ဂျီတို့ တဂိုးမှမသွင်းနိုင်ခဲ့တဲ့ ဘိုင်ယန်ကို သူတို့က ၃ ဂိုးသွင်းနိင်ခဲ့လို့ တကယ်ဂုဏ်ယူချင်စရာပါပဲ။ ပီအက်စ်ဂျီကတော့ ချန်ပီယံလိဂ်က ထွက်ရလို့ စိတ်ပျက်နေရတဲ့အချိန်မှာ အခုလိုမျိုး လှောင်ပြောင်ခံရလို့ ပိုပြီးအထိနာစရာတွေဖြစ်လာခဲ့ရပါတယ်။ မနေ့က ကစားခဲ့တဲ့ ဘရက်စ်နဲ့ပွဲမှာလည်း ကံကောင်းလို့သာ နောက်ကျအနိုင်ဂိုးရခဲ့ပြီး ၂-၁ နဲ့ အနိုင်ရရှိခဲ့လို့ မျက်နှာမပျက်ခဲ့ရတာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က