ဦးဆောင်ဂိုးတွေရပြီးမှ ချေပဂိုးတွေ ပြန်ပြန်ပေးနေရပါတယ်။

ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေရပြီး လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ 


ဘိုင်ယန်မြူးနစ်ကိုအရေးနိမ့်ကာ ချန်ပီယံလိဂ်အုပ်စုကနေ လှည့်ပြန်ခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ လာလီဂါမှာလည်း အိုဆာဆူနာနဲ့ ၂ဂိုးစီသရေပွဲဖြစ်သွားခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရလို့ သရေတမှတ်နဲ့သာ ကျေနပ်ခဲ့ရပြီး ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေရပြီး လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ 

လူငယ်ကစားသမားတွေဖြစ်တဲ့ နီကိုဂွန်ဇာလက်ဇ် နဲ့ အက်ဇယ်ဇူလီတို့က ဘာစီနာအတွက် ဦးဆောင်ဂိုးတွေ နှစ်ကြိမ်တိုင်တိုင်ရယူပေးခဲ့ပေမယ့် ၈၆ မိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရပြီး အဖိုးတန်ရမှတ် ၂ မှတ်ဆုံးရှုံးသွားခဲ့ပါတယ်။ ဒီရာသီမှာ ခြေစွမ်းကျဆင်းပြီး ရလဒ်တွေပါ ဆိုးရွားနေတဲ့ ဘာကာဟ နည်းပြသစ်ဇာဗီလက်ထက်မှာလည်း ထင်မှတ်သလောက်ဖြစ်မလာသေးဘဲ အချိန်ယူရဖို့ရှိနေပါတယ်။ 

လာလီဂါ ၁၆ ပွဲကစားပြီးချိန်မှာ ၆ ပွဲသာအနိုင်ရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ၁၈ မှတ်အထိ ကွာဟနေပြီဖြစ်ပါတယ်။ ဒါဟာ ဘာစီလိုနာပရိသတ်တွေအတွက်တော့ တော်တော်လေးဆိုးရွားတဲ့ အနေအထားကို မြင်တွေ့ခံစားနေရတာဖြစ်ပြီး မဟာပြိုင်ဘက်အသင်းကခြေစွမ်းပြကာ ဆုဖလားရယူနိုင်ဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေတာကို ထိုင်ကြည့်နေရပြီဖြစ်ပါတယ်။ 

ဒါ့အပြင် သူတို့ဟာ နှစ်ပေါင်းများစွာအတွင်း ဆိုးရွားတဲ့စံချိန်တွေအများအပြားကို ရရှိထားခဲ့ပြီး ရဂိုး၊ ပေးဂိုး၊ ရမှတ်တွေကအစ တော်တော်လေးနိမ့်ကျနေခဲ့ပါတယ်။ ဇာဗီကတော့ အသင်းအတွက် သမိုင်းသစ်ပြန်လည်စတင်မယ်လို့ ပြောဆိုထားကာ အကယ်ဒမီထွက်ကစားသမားတွေကို ပိုမိုဦးစားပေးလာပြီး အသင်းခေါင်းပြန်ထောင်လာစေဖို့အတွက် အချိန်ယူတည်ဆောက်သွားဖို့ ရည်ရွယ်ထားဟန်လည်းရှိနေပါတယ်။ 

Share

က္က