ဟမ်းမဲလ်ရဲ့ လက်နဲ့ထိခဲ့မှုကို ပင်နယ်တီပေးခဲ့လို့ ဒေါ့မွန်တို့အရေးနိမ့်ခဲ့ရပါတယ်။

အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ ဂျာမနီရဲ့ အကြီးကျယ်ဆုံးပွဲမှာ ဒေါ့မွန်တို့ ပင်နယ်တီပေးခဲ့ရတာကြောင့် အရေးနိမ့်ခဲ့ပြီး ဘိုင်ယန်နဲ့ အမှတ်ကွာဟချက်က ပိုမိုများပြားသွားခဲ့ပါတယ်။ 


ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ၃-၂ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဒေါ့မွန်လူငယ်ကြယ်ပွင့်ဘီလင်ဟမ်က ကွင်းလယ်ဒိုင်လူကြီးအနေနဲ့ လုပ်ပွဲဖန်တီးခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ ဂျာမနီရဲ့ အကြီးကျယ်ဆုံးပွဲမှာ ဒေါ့မွန်တို့ ပင်နယ်တီပေးခဲ့ရတာကြောင့် အရေးနိမ့်ခဲ့ပြီး ဘိုင်ယန်နဲ့ အမှတ်ကွာဟချက်က ပိုမိုများပြားသွားခဲ့ပါတယ်။ 

ပွဲကစားချိန် ၇၇ မိနစ်မှာတော့ မက်ဟမ်းမဲလ်ရဲ့ ဧရိယာအတွင်း ဘောလုံးကို လက်နဲ့ထိခဲ့မှုမှာ ပင်နယ်တီပေးခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာ ဒေါ့မွန်က ဦးဆောင်ဂိုးသွင်းနိုင်ခဲ့သလို ၁-၂ ဖြစ်ချိန်မှာလည်း ပြန်ချေပခဲ့ကာ တဖက်နှစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပင်နယ်တီပေးခဲ့ရပြီးနောက်မှာ ချေပဂိုးပြန်မရခဲ့တော့ဘဲ အရေးနိမ့်ခဲ့ပြီး ဒီပင်နယ်တီအပေါ် ဘီလင်ဟမ်က တော်တော်လေးဒေါသထွက်နေခဲ့တာပါ။ 

ဒီပွဲကို တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင် ဖိလစ်ဝါရာဟာ ၂၀၀၅ ခုနှစ်က လုပ်ပွဲကစားမှုကြောင့် ၆ လကြာ ပွဲပယ်ခံခဲ့ရသူဖြစ်ခဲ့ပါတယ်။ ဒီလိုမှတ်တမ်းရှိတဲ့ ကွင်းလယ်ဒိုင်ကို ဂျာမနီရဲ့အကောင်းဆုံးပွဲမှာ တာဝန်ပေးခဲ့တာကို ဘီလင်ဟမ်က သွယ်ဝိုက်ဝေဖန်ခဲ့ပြီး နောက်တကြိမ်လုပ်ပွဲကစားခဲ့တာလားလို့လည်း အရိပ်အမြွက်ပြောဆိုခဲ့တယ်လို့ Sportsbible က ဖော်ပြခဲ့ပါတယ်။ 

"ကျွန်တော့်အတွက်တော့ ဒါက ပင်နယ်တီမဟုတ်ဘူး၊ ဟမ်းမဲလ်က ဘောလုံးကိုတောင် ကြည့်မနေခဲ့ဘူး၊ သူက ဘောလုံးရဖို့ကိုပဲ အာရုံစိုက်နေခဲ့တယ်၊ ဘောလုံးက သူ့ကို လာထိသွားတာပါ၊ ဒီပွဲရဲ့ ဆုံးဖြတ်ချက်တော်တော်များများကို ကြည့်ကြည့်ပါ၊ ဒီမတိုင်ခင် လုပ်ပွဲလုပ်ခဲ့တဲ့ ဒိုင်လူကြီးတဦးကို ဒီပွဲမှာ တာဝန်ပေးထားတယ်၊ ဂျာမနီရဲ့ အကောင်းဆုံးပွဲနော်၊ ခင်ဗျားဘာတွေမျှော်လင့်နေတာလဲ" လို့ ဘီလင်ဟမ်က ပွဲပြီးအင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ 

ဒီလိုပြောဆိုနေချိန်မှာ ဘီလင်ဟမ်က တော်တော်လေးဒေါသထွက်နေတာကိုလည်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဘီလင်ဟမ်အပြင် ဟာလန်းကလည်း ပွဲအပြီးမှာ ဒီပွဲအတွက် တာဝန်ယူမယ့်ဒိုင်ကို ကြေညာခဲ့တဲ့ တွစ်တာပို့စ်အောက်မှာ လက်မအောက်စိုက်နေတဲ့ အီမိုဂျီကို သွားရောက်ကာ ရေးသားခဲ့တယ်လို့ သိရပါတယ်။ 

Share

က္က