ဗီလာရီးရဲလ်တို့ သရေခံကစားပြီး ဆီမီးဖိုင်နယ် တက်သွားခဲ့တာပါ။

ပထမအကျော့မှာ နိုင်ထားတဲ့ ဗီလာရီးရဲလ်က ပထမအကျော့ကလိုပဲ ခံစစ်ကိုသာ အပြည့်အဝအာရုံစိုက်ပြီး ဘိုင်ယန်မြူးနစ်ကို အခက်တွေ့စေခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က ဒီပွဲမှာ အင်ပြည့်အားပြည့်ပဲ ပွဲထွက်လာခဲ့ပြီး နူအာ၊ အူပါမီကာနို၊ ဆာနေး၊ ကင်မစ်ချ်၊ ဂေါ်ရက်ဇ်ကာ၊ ကိုးမန်း, မူလာ၊ လီဝန်ဒေါစကီးတို့နဲ့ လူစုံခဲ့ပါတယ်။



အူနိုင်းအမ်မရီကလည်း ဒီဂျန်မာ၊ မိုရီနို၊ ပါအူတောရက်စ်၊ ကိုကွီလင်၊ အယ်လ်ဘီယို၊ ပါရီဟို၊ လိုဆယ်ဆို၊ ရူလီတို့ကို အမာခံထားပြီး ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ခဲ့ပါတယ်။ အခင်းအကျင်းက ၄-၃-၃ ဆိုပေမယ့် ဗီလာရီးရဲလ်တို့ (၁၁) ယောက်လုံး ခံစစ်ဆင်းကစားခဲ့ပြီး ဘိုင်ယန်မြူးနစ်လည်း ထိုးဖောက်ရခက်ခဲ့ပါတယ်။

ဂိုးရနိုင်တဲ့ အခွင့်အရေးအချို့ တေ့လွဲ,လွဲရင်းနဲ့ပဲ ပထမပိုင်းပြီးခဲ့ပြီး ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာတော့ ဘိုင်ယန်မြူးနစ်တို့ အဖွင့်ဂိုးရခဲ့ပါတယ်။ ဗီလာရီးရဲလ်နောက်တန်းနဲ့ ကွင်းလယ်အကြား ဟာကွက်တဆင့် ရလာတဲ့ အခွင့်အရေးကို လီဝန်ဒေါစကီးက ကန်သွင်းယူခဲ့တာပါ။ ဒီဂိုးမှာ ဗီလာရီးရဲလ်ဂိုးသမား စိုးရိမ်စိတ်လွန်ကဲပြီး မလိုအပ်ဘဲ ရှေ့ထွက်နေခဲ့တာလည်း မြင်တွေ့ခဲ့ရပါတယ်။

နောက်ပိုင်းမှာလည်း ဘိုင်ယန်မြူးနစ်ကပဲ စိတ်ကြိုက်တိုက်စစ်ဆင်ခဲ့ပေမယ့် ဗီလာရီးရဲလ်ကလည်း ကြံ့ကြံ့ခံကစားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်တို့ လိုအပ်နေတဲ့ အဆုံးအဖြတ်ဂိုးမရခဲ့ဘဲ ပွဲပြီးခါနီးမှာတော့ ဗီလာရီးရဲလ်တို့ ချေပဂိုးရရှိသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်တို့ တရစပ်ဖိအားပေးကစားနေရင်း ကောင်တာပေါက်သွားတာကနေ ပေးဆပ်မှုကြီးမားသွားခဲ့တာပါ။

ဒီဂိုးကိုတော့ မိုရီနိုရဲ့ ဖန်တီးပေးမှုကတဆင့် လူစားဝင်ကစားသမား ချူကွာဇီက သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကြောင့်ပဲ ဂျာမန်ဘီလူးကြီးတို့ ကွာတားဖိုင်နယ်ကတင် ထွက်ခဲ့ရပြီး အူနိုင်းအမ်မရီကတော့ အားလုံးရဲ့အမြင်ကို ပြောင်းပြန်လှန်ကာ နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးနဲ့ ဆီမီးဖိုင်နယ် တက်ရောက်သွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က