ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ စည်းကြပ်ဒိုင်က ဘိုင်ယန်ရဲ့ နောက်ဆုံးမိနစ် လူကျွံဘောအတွက် ကစားသမားတွေကို တောင်းပန်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီပွဲမှာ ရီးရဲလ်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ရီးရဲလ်က ၂-၁ ဂိုးနဲ့ ဦးဆောင်ထားချိန် နာကျင်အချိန်ပိုရဲ့ နောက်ဆုံးမိနစ်တွေမှာ ဘိုင်ယန်တို့ ဒီလစ်ဂ်ရဲ့ သွင်းဂိုးနဲ့ ချေပဂိုးရမလိုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စည်းကြပ်ဒိုင်က အစောပိုင်းကတည်းက လူကျွံဘောအဖြစ် အလံထောင်ထားခဲ့ပြီး ကွင်းလယ်ဒိုင်ကလည်း လူကျွံဘောအဖြစ်သာ သတ်မှတ်ခဲ့ပါတယ်။
အဲ့ဒီနောက် ပွဲအပြီးမှာ ဒီလစ်ဂ်က စည်းကြပ်ဒိုင်ဟာ သူအမှားလုပ်မိခဲ့ကြောင်းကို တောင်းပန်သွားခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် တူဟယ်လ်ကလည်း “ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တို့ရဲ့ တကယ်ကို ဆိုးရွားလွန်းတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒီဆုံးဖြတ်ချက်ကြောင့်ပဲ နောက်ဆုံးမှ သစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရပါတယ်”
“ဒါပေမယ့် ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်ကို ဂုဏ်ပြုကြောင်း ပြောရပါမယ်။ စည်းကြပ်ဒိုင်ကလည်း ပွဲပြီးတော့ ဆောရီးပြောသွားပါတယ်။ဒါပေမယ့် ဒီလိုအဆင့်ပွဲတွေမှာ ဒါမျိုးက ဘာအကူအညီမှ မဖြစ်ပါဘူး။ နောက်ဆုံးမိနစ်မှာ အလံထောင်လိုက်တိုင်း ကွင်းလယ်ဒိုင်ကလည်း အစောကြီး ဝီစီမှုတ်စရာ မလိုပါဘူး”
“ဒါက အရမ်းအရမ်းကို ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဘောလုံးဥပဒေတွေကိုလည်း ဆန့်ကျင်နေပါတယ်။ မြိုသိပ်ထားဖို့တောင် တော်တော်လေး ခက်ခဲပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။