ဘိုင်ယန်မြူးနစ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဒမ်းစတက်ဒ်နဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ (၈) ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ အိမ်ကွင်း အလိုင်းယန်ဇ်အရီနာမှာ ပြိုင်ဘက်အသင်းကို အညှာအတာမရှိ ချေမှုန်းခဲ့တာပါ။
ဒါ့အပြင် ဒီပွဲမှာ နောက်ထပ်ပြောစရာရှိခဲ့တာက ဟယ်ရီကိန်းရဲ့ သွင်းဂိုးပါပဲ။ ဟယ်ရီကိန်းက ဒီပွဲမှာ ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဒီပွဲမှာ သူ့အတွက် ဒုတိယမြောက်သွင်းဂိုးကိုလည်း ရင်သပ်ရှုမောဖွယ်ရာ ကန်သွင်းပြခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ ရရှိလာတဲ့ အခွင့်အရေးကို ဟယ်ရီကိန်းက ပြိုင်ဘက်ဂိုးသမား ရှေ့တက်နေတာကို အခွင့်ကောင်းယူပြီး ကွင်းလယ်စက်ဝိုင်း ကိုယ့်ကွင်းဘက်ခြမ်းကနေ ဂိုးထဲကို တိုက်ရိုက်ကန်သွင်းယူခဲ့တာပါ။ သူ့ရဲ့ ကန်ချက်က ကောင်းမွန်လှပခဲ့ပြီး ဘောလုံးကလည်း ဂိုးထဲ တန်းတန်းမတ်မတ် ဝင်သွားခဲ့ပါတယ်။
ဒီသွင်းဂိုးက ပြီးခဲ့တဲ့ (၁၉၆၆) ခုနှစ်မှာ ယူနိုက်တက်ကစားသမား ဒေးဗစ်ဘက်ခမ်း ဝင်ဘယ်လ်ဒန်ဘက်ကို သွင်းယူခဲ့တဲ့ သမိုင်းဝင်သွင်းဂိုးနဲ့တောင် နှိုင်းယှဉ်ခံနေရပါတယ်။ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဆာနေး ပေးပို့လိုက်တဲ့ ဘောလုံးကို ဟယ်ရီကိန်းက ကွင်းလယ်စက်ဝိုင်းအတွင်းမှာ လက်ခံရယူခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ပြိုင်ဘက်ဂိုးသမားရှေ့ထွက်နေတာကို အခွင့်ကောင်းယူကာ ဂိုးထဲ ကန်သွင်းခဲ့ပြီး ဒမ်းစတက်ဒ်ဂိုးသမားလည်း နောက်ကို ပြန်ဆုတ်ရင်း လိုက်ခဲ့ပေမယ့် ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ပါဘူး။ ဟယ်ရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် (၁၃) ပွဲကစား၊ (၁၄) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၇) ကြိမ်ပြုလုပ်ပြီး အကောင်းဆုံး ခြေစွမ်းတွေ ပြသနေခဲ့တာလည်း ဖြစ်ပါတယ်။