ဘိုင်ယန်မြူးနစ်ဟာ မနေ့ညက ကိုလုံးကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့နောက် တစ်ဖက်က ပြိုင်ဘက် ဒေါ့မွန်ရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရာသီပိတ်ပွဲမတိုင်ခင်မှာ ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ရဲ့နောက် အဆင့် (၂) နေရာကနေ (၂) မှတ် အကွာနဲ့ ရပ်တည်နေတာပါ။
ဒေါ့မွန်အနေနဲ့ အိမ်ကွင်းမှာ မိန့်ဇ်ကို အနိုင်ရရှိရုံနဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိခဲ့ပေမယ့် နှစ်ဂိုးစီသရေကျခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အဝေးကွင်းမှာ နိုင်ပွဲရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါရဲ့ ရိုးအီနေပြီဖြစ်တဲ့ ဇာတ်သိမ်းအတိုင်းပဲ ချန်ပီယံအဖြစ် ထပ်မံအောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ တူဟယ်လ်ကို ခန့်အပ်ခဲ့ပြီးနောက်ပိုင်း ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်ခဲ့ပြီး ဂျာမန်ပိုကယ်ဖလား၊ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဆက်တိုက်ဆိုသလို ထွက်ခွာခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲမှာ ကံတရားရဲ့ဖေးမမှုနဲ့အတူ ကိုယ်တိုင်လည်း နိုင်ပွဲရရှိခဲ့တာကြောင့် အခုလိုမျိုး ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။
ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်ရဲ့အောင်ပွဲက မလွယ်ကူခဲ့ပါဘူး။ ပွဲချိန်တစ်လျှောက်လုံး ကိုးမန်းရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲကစားချိန် (၈၁) မိနစ်မှာ အမှတ်မထင် ပင်နယ်တီပြန်ပေးခဲ့ရတာကြောင့် တစ်ဂိုးစီသရေကျခဲ့ပါတယ်။ ပွဲကစားချိန် (၈၈) မိနစ်မှာတော့ ဘိုင်ယန်မြူးနစ်အတွက် အရေးပါတဲ့ အဖိုးတန်အနိုင်ဂိုးကို လူငယ်ကြယ်ပွင့်လေး မူဆီအာလာက ဧရိယာအပြင်ဘက်ကနေ ကန်သွင်းယူခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံဖြစ်ခဲ့တာပါ။
မူဆီအာလာဟာ ဘိုင်ယန်မြူးနစ်ရဲ့ အရည်အသွေးမြင့် ထုတ်ကုန်ဖြစ်ပြီး သူ့ရဲ့တောက်ပတဲ့ ခြေစွမ်းတွေကြောင့် ကလပ်မှာရော၊ လက်ရွေးစင်အသင်းမှာပါ အကောင်းဆုံး ခြေစွမ်းပြနေတာဖြစ်ပါတယ်။ အသက် (၂၀) အရွယ် မူဆီအာလာဟာ (၂၀၂၀) ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကြီးအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး အဲ့ဒီအချိန်ကတည်းက တောက်ပတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။
ဒီရာသီမှာလည်း အသင်းအတွက် ဘွန်ဒက်စ်လီဂါပွဲ (၃၃) ပွဲကစား၊ (၁၂) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရာသီနောက်ဆုံးပွဲမှာလည်း အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို ဧရိယာအပြင်ကနေ လှလှပပ ကန်သွင်းပေးခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ (၄) ကြိမ်မြောက် ဘွန်ဒက်စ်လီဂါချန်ပီယံဆုနဲ့