နှစ်ကျော့ပေါင်း ၁၀-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ဖူးတာပါ။

အာဆင်နယ်ဟာ ဒီနေ့ညမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ အိမ်ကွင်းမှာ ဧည့်ခံကစားရမှာလည်းဖြစ်ပါတယ်။ ဒီပွဲဟာ ပထမအကျော့ပွဲစဉ်ဖြစ်ပြီး အာဆင်နယ်တို့ အိမ်ကွင်းမှာ အမှားခံလို့မရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။



ဒါ့အပြင် အာဆင်နယ်က ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ဖူးတဲ့၊ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ဖူးတဲ့ စံချိန်မှတ်တမ်းတွေလည်း ရှိခဲ့ဖူးပါတယ်။ အထူးသဖြင့် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ နှစ်ကျော့စလုံး တူညီတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။

ပထမအကျော့မှာ ၅-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်ဟာ ဒုတိယအကျော့မှာလည်း ဘိုင်ယန်မြူးနစ်ကို ၅-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၁၀-၂ ဂိုးနဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရဖူးပါတယ်။ အဲ့ဒါကြောင့်လည်း ဒီနေ့ည ဘိုင်ယန်မြူးနစ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်က ဒီအကြောင်းကို အစဖော်ပြီး ပြန်လည်မေးမြန်းခဲ့တာပါ။

အာတီတာကတော့ “ဒါက သမိုင်းတစ်ခုပါပဲ။ ခင်ဗျားတို့ ဘိုင်ယန်မြူးနစ်ရဲ့ ချန်ပီယံလိဂ်သမိုင်းကို ပြန်ကြည့်လိုက်ရင် ဒါက ရှင်းလင်းပြတ်သားတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်ပဲ သက်သေပြရပါမယ်။ ဒါသေချာပါတယ်” လို့ မယုတ်မလွန် ရှောင်လွှဲပြီး ဖြေကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်တို့ ဒီရာသီမှာ ရုန်းကန်နေရတဲ့အပေါ်မှာလည်း အာတီတာက “ဘောလုံးက ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ပြီး တည်ငြိမ်မှုကို ထိန်းထားဖို့ ခက်ပါတယ်။ ဒီတော့ ဒါမျိုးက ဘယ်အသင်းမှာမဆို ဖြစ်နိုင်ပါတယ်။ သူတို့က အခုချိန်အထိ ထိပ်တန်းအသင်းတစ်သင်းပါ။ ကျွန်တော်က တူဟယ်လ်ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး သူ့ဆီကနေ အများကြီးသင်ယူခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

က္က