လေဗာကူဆင်ကတော့ အလွန်ဆို လက်အောက်မှာ ခြေစွမ်းပြနေတာပါ။

လေဗာကူဆင်ဟာ မနေ့ညက စတုဂတ်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ အဝေးကွင်းပွဲစဉ်အပြီးမှာ အနီးကပ်ဆုံး ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို လေးမှတ်အထိဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ စနေနေ့ညက ဖရန့်ဖတ်ကို ၅-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။



အဲ့ဒါကြောင့်လည်း လေဗာကူဆင်နဲ့ အခုလိုမျိုး အမှတ်ပြတ်သွားခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကတော့ ပွဲကျန်တစ်ပွဲ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့အပတ်က မြူနှင်းတွေ ထူထပ်စွာ ကျဆင်းခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါအိမ်ကွင်းပွဲစဥ်ကို ဖျက်သိမ်းခဲ့ရပါတယ်။
လက်ရှိမှာ လေဗာကူဆင်က (၁၄)​ပွဲ ကစားပြီးချိန်မှာ ရမှတ် (၃၆) မှတ်အထိ ရရှိထားပြီး (၁၃) ပွဲကစားကာ ရမှတ် (၃၂) မှတ် ရရှိထားတဲ့ ဘိုင်ယန်မြူးနစ်ထက် အသာရနေတာပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်သာ ပွဲကျန်တစ်ပွဲကို အနိုင်ရရှိခဲ့ရင် ရမှတ်ကွာဟချက်က တစ်မှတ်သာ ရှိမှာ ဖြစ်ပါတယ်။
အလွန်ဆိုရဲ့ လေဗာကူဆင်ဟာ ဒီရာသီမှာ တော်တော်လေးကို ခြေစွမ်းပြနေတဲ့၊ ရစ်သမ်မှန်နေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကိုလည်း အဝေးကွင်းမှာ သူတင်ကိုယ်တင် ကစားရင်း သရေရလဒ် ထွက်ပေါ်ခဲ့ပါသေးတယ်။
အခု နောက်ပိုင်းပွဲစဉ်တွေမှာ အလွန်ဆိုရဲ့ လေဗာကူဆင်က တစ်ပွဲတစ်ပွဲ အနိုင်ရရှိဖို့ ရုန်းကန်လာရပေမယ့် လိုအပ်နေတဲ့ ရမှတ်တွေကိုတော့ စုဆောင်းနေဆဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဘိုင်ယန်မြူးနစ် ခြေချော်ချိန်မှာ အခုလိုမျိုး အခွင့်အရေးယူနိုင်ခဲ့တာပါ။

Share

Loading Next Article...
က္က