အင်တာမီလန်တို့ ၂-၀ နဲ့ အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။

အင်တာမီလန်ရဲ့ နာမည်ကျော် ကွင်းလယ်တိုက်စစ်ကစားသမားဟောင်း ဝက်စ်လေရှနိုက်ဒါက နည်းပြဟောင်း မော်ရင်ဟိုရဲ့ အံ့အားသင့်ဖွယ်ရာကိစ္စတခုကို ပြန်လည်ဖွင့်ဟလိုက်ပါတယ်။ မော်ရင်ဟိုက အင်တာမီလန်ကို ၂၀၀၈ ကနေ ၂၀၁၀ အထိ ကိုင်တွယ်ခဲ့ပြီး တရာသီအတွင်း ဖလားသုံးလုံးအထိရအောင် စွမ်းဆောင်ပေးခဲ့သလို ပွဲပေါင်း ၁၀၈ ပွဲကိုင်တွယ်ခဲ့ရာမှာ တပွဲကို ပျမ်းမျှအားဖြင့် ရမှတ် ၂ မှတ်ကျော်ရအောင် ကစားပေးနိုင်ခဲ့တဲ့ သူပါ။ 

မော်ရင်ဟိုရဲ့ လက်အောက်မှာ ရှနိုက်ဒါကလည်း တော်တော်လေးတောက်ပခဲ့ပြီး အဓိကအကျဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ရှနိုက်ဒါကို ဘလွန်းဒီအောဆု ဆွတ်ခူးနိုင်ဖို့ နီးစပ်တဲ့အထိ မော်ရင်ဟိုက မြှင့်တင်ပေးနိုင်ခဲ့ပြီး သူတို့နှစ်ဦးကြားမှာလည်း ခိုင်မာတဲ့ ဆရာတပည့် ဆက်ဆံရေးမျိုးရှိခဲ့သလို အခုချိန်ထိလည်း ခင်မင်ရင်းနှီးနေဆဲပါ။ အခုလည်း သူက RTL 7 နဲ့ ​ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မော်ရင်ဟိုရဲ့ အင်တာနည်းပြဘ၀ နောက်ဆုံးရာသီနဲ့ပတ်သက်ပြီး အမှတ်တရတခုကို ဖွင့်ဟခဲ့ပါတယ်။ 

"အင်တာမီလန်မှာ မော်ရင်ဟိုနဲ့ မာတာရာဇီကြား ဆက်ဆံရေးက အရမ်းကောင်းတယ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် ရက်သတ္တပတ်နည်းနည်းလောက်အလိုမှာ မာတာရာဇီကို သူ့ရုံးခန်းထဲခေါ်ပြီး မော်ရင်ဟိုက စာအိတ်တအိတ်ပေးတယ်၊ အဲဒီမှာ သူ တခုခုရေးပြီး ထည့်ထားတယ်၊ ဗိုလ်လုပွဲပြီးရင် ဖောက်ကြည့်လို့လည်း မှာလိုက်တယ်၊ ပွဲပြီးလို့ ကျနော်တို့ ဖောက်ကြည့်လိုက်တော့ ပွဲရလဒ်ကို သူ ရေးထားတာပါ" လို့ ရှနိုက်ဒါက ပြောခဲ့တာပါ။ 

အဆိုပါရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်က ဘိုင်ယန်မြူးနစ်ကို တိုက်စစ်မှူးမီလီတိုရဲ့ သွင်းဂိုးတွေနဲ့ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းသမိုင်းမှာ တရာသီအတွင်း ဖလား ၃ လုံးကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အဲဒီရာသီနောက်ပိုင်း ဒီလိုမျိုးကို ဘယ်နည်းပြကမှ မစွမ်းဆောင်နိုင်ခဲ့တော့ပါဘူး။ 

အီတူး၊ ရှနိုက်ဒါ၊ မီလီတို၊ မိုင်ကွန်၊ ဇနက်တီ အစရှိတဲ့ ကစားသမားတွေကို အကောင်းဆုံးစုစည်းပြီး မော်ရင်ဟိုက ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က