ပြင်သစ်လက်ရွေးစင်ဟောင်း လီဇာရာဇူက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရင်ဆိုင်တွေ့ဆုံချိန်မှာ ပီအက်စ်ဂျီအသင်း တွေ့ကြုံရနိုင်တဲ့ အဓိကပြဿနာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဥရောပဟဲဗီးဝိတ် ၂ သင်းစလုံးဟာ လာမယ့်အပတ်မှာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပေမယ့်လည်း ဂယ်လ်တီယေးရဲ့အသင်းဟာ အရေးကြီးပွဲစဉ်မတိုင်ခင် ကြီးမားတဲ့ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ၎င်းတို့ရဲ့ အဓိကကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ခီလီယန် အမ်ဘာပေ မပါဝင်ဘဲ ကစားသွားရမှာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ မောင့်ပယ်လီယေးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ပေါင်ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ၃ ပတ်အထိ အနားယူရနိုင်တယ်လို့ မျှော်မှန်းခြင်းခံထားရတာကြောင့် လာမယ့်အပတ် ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်ကို အလိုအလျောက် လွဲချော်သွားခဲ့ပြီဖြစ်ပေမယ့်လည်း လီဂူးဝမ်းချန်ပီယံတွေဟာ ပြင်သစ်တိုက်စစ်မှူးမပါဝင်နိုင်ပေမယ့် အလွန်အားကောင်းတဲ့လူစာရင်းကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး စကားပြောဆိုရာမှာ ပြင်သစ်ဘယ်နောက်ခံလူဟောင်း လီဇာရာဇူက ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ အမ်ဘာပေ မပါဝင်နိုင်မှုက ပီအက်စ်ဂျီအတွက် ကြီးမားတဲ့ ပြဿနာဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမားဟောင်းက ခီလီယန် အမ်ဘာပေဟာ ပြင်သစ်လီဂူးဝမ်းအသင်းကြီးအတွက် အရေးကြီးတဲ့ကစားသမားဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးမပါဝင်ရင် ပီအက်စ်ဂျီအသင်းက အန္တရာယ်ပေးနိုင်စွမ်း လျော့နည်းသွားလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ "ဘိုင်ယန်မြူးနစ်နဲ့ ကစားရမယ့် ပထမအကျော့ပွဲမှာ အမ်ဘာပေ မပါဝင်နိုင်မှုက ကြီးမားတဲ့ပြဿနာပါ။ သူက သူ့ရဲ့အရည်အသွေး၊ မြန်နှုန်း၊ ပြင်းထန်မှုတွေနဲ့အတူ ခံစစ်အားလုံးကို ကြောက်ရွံ့စေပါတယ်။ ပီအက်စ်ဂျီက သူမပါရင် အန္တရာယ်ပေးနိုင်စွမ်း နည်းပါးပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က