ချဲလ်ဆီးနည်းပြအဖွဲ့ဝင်ကို ခေါ်ယူသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

သောမတ်စ် တူဟယ်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခြင်းခံခဲ့ရပြီးနောက် ချဲလ်ဆီးနည်းပြအဖွဲ့ဝင်ကို ခေါ်ယူသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အသက် ၄၉ နှစ်အရွယ် နည်းပြဟာ ကြာသပတေးနေ့ညနေမှာ ဂျူလီယန် နာဂယ်စ်မန်းရဲ့ နေရာမှာ နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတယ်လို့ အတည်ပြုခြင်းခံခဲ့ရပြီး အသင်းဟောင်း ချဲလ်ဆီးအသင်းမှာ အတူတူ အလုပ်လုပ်ဖူးတဲ့ နည်းပြ အန်သိုနီ ဘယ်ရီကို ခေါ်ယူသွားချင်တယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

 

ကျွန်တော့် နည်းပြအဖွဲ့က ကြိုတင်ပြင်ဆင်မှုမလုပ်ခဲ့ရပါဘူး။ အဲဒီတော့ သူတို့ရဲ့ အလိုက်သင့်လုပ်ဆောင်နိုင်စွမ်းအတွက် သူတို့ရဲ့ မိသားစုတွေကို ကျေးဇူးအကြီးကြီးတင်ပါတယ်။ အာနိုး မစ်ကယ်စ်၊ ဇော့တ် လိုးတို့လို ကျွန်တော်နဲ့ ၁၀ နှစ်ကျော် အလုပ်လုပ်ခဲ့တဲ့ သူတွေလည်း ရှိနေမှာပါ။ ကျွန်တော်တို့ အန်သိုနီ ဘယ်ရီကို ခေါ်ယူဖို့ မျှော်လင့်ပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

တူဟယ်ဟာ ၂၀၂၂ ခုနှစ်မှာ ချဲလ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး စပါးစ်နည်းပြရာထူးအတွက် သတင်းထွက်နေချိန်မှာ ဘိုင်ယန်မြူးနစ်နည်းပြအဖြစ် အချိန်ကိုက်ခန့်အပ်ခံခဲ့ရမှုကို အံ့အားသင့်ခဲ့တာဖြစ်ပါတယ်။

 

“အချိန်ကိုက်ဖြစ်နေတာက အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး။ အရင်တုန်းက ဘာဆက်သွယ်မှုမှ မရှိခဲ့ဘူး။ ကျွန်တော့်နည်းပြဘဝကို ပြည်ပမှာပဲ ဆက်ပြီး သွားရမယ်လို့ ယူဆခဲ့တာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

ဂျာမန်လူမျိုးနည်းပြဟာ ပြင်သစ်နဲ့ အင်္ဂလန်က နည်းပြရာထူးကို တာဝန်ယူခဲ့ရပြီးနောက် ဘွန်ဒက်စ်လီဂါကို တကျော့ပြန်လာခွင့်ရရှိခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကို အင်္ဂလန်နဲ့ ပြင်သစ်မှာ တော်တော်လေး ကြောက်ရွံ့မှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ဘိုင်ယန်မြူးနစ်ရဲ့ ဒီအင်န်အေက အနိုင်ရဖို့ဖြစ်သလို ခင်ဗျားဘောလုံးကစားတဲ့ပုံစံနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီလူစာရင်းက ဥရောပမှာ အရည်အချင်းအရှိဆုံးနဲ့ အကောင်းဆုံးလူစာရင်းပါ။ ကျွန်တော် ဒီလူစာရင်းနဲ့ အတူတူအလုပ်လုပ်ဖို့ စောင့်မျှော်နေပါတယ်။ ခင်ဗျား ဒီလို လူစာရင်းနဲ့ဆို ဆုဖလားတိုင်းကို ယှဉ်ပြိုင်နိုင်ပါတယ်။ ဆုဖလားအားလုံး အနိုင်ရဖို့က ဖြစ်နိုင်ခြေရှိနေတုန်းပါပဲ။ အဲဒါကြောင့် အသေးစိတ်ကျဖို့ပဲ လိုမှာပါ။ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ တွေးထားပြီး အဲဒါကို လုပ်ဆောင်ဖို့ တကယ်ကို စောင့်မျှော်နေပါတယ်။ဆုဖလားတွေ အားလုံးအတွက် ကစားသွားဖို့ပါပဲ။ ဂျူလီယန် အသင်းနဲ့အတူ ဖန်တီးခဲ့တဲ့ အနေအထားကြောင့် ကျွန်တော်တို့ ပြိုင်ပွဲ ၃ ခုစလုံးမှာ အနိုင်ရရှိဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပြီး အဲဒါကို ဖြစ်အောင် လုပ်သွားရမှာပါ။ အန္တရာယ်လည်း ရှိနေတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဖိအားတွေနဲ့ စိတ်ဖိစီးမှုတွေကို နှစ်သက်ပါတယ်။ အင်္ဂါနေ့ညနေမှာ ကျွန်တော် လူစာရင်းနဲ့ပတ်သက်ပြီး စတွေးမိပါတယ်။ အင်္ဂလန်နဲ့ ပဲရစ်မှာ သူတို့တွေက ဘိုင်ယန်မြူးနစ်ကို အရမ်းကို မြင့်မြင့်မားမား သတ်မှတ်ထားခဲ့ကြပါတယ်။ ဘယ်သူကမှ ဘိုင်ယန်နဲ့ ရင်ဆိုင်မကစားချင်ဘူး။ အသင်းရဲ့ အရွယ်အစားနဲ့ အားသာချက်က မေးခွန်းထုတ်လို့မရနိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က