ဘာကာနဲ့ရီးရဲလ်တို့ လာမယ့်တနင်္ဂနွေမှာ ထိပ်တိုက်တွေ့ကြမှာပါ။

ဘာစီလိုနာရဲ့ ကစားသမားသစ် ရာဖင်ဟာက ဒီကနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ဘာစီလိုနာတို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာ အသင်းသစ်အတွက် ပထမဆုံးပွဲဦးထွက် ပါဝင်ကစားပေးခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ဘရာဇီးကစားသမားဟာ ပထမဆုံးပွဲမှာပဲ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။



ပထမပိုင်းမှာရရှိခဲ့တဲ့ အသင်းအတွက် သွင်းဂိုး (၃) ဂိုးမှာ ရာဖင်ဟာက တဂိုးသွင်း၊ (၂) ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး ပွဲအပြီးမှာလည်း ဘာစီလိုနာက အင်တာမိုင်ယာမီကို ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရာဖင်ဟာအနေနဲ့လည်း ခြေစမ်းပွဲဖြစ်တာကြောင့် ပထမပိုင်းအပြီးမှာတင် အနားပေးခံရပါတယ်။

ဒီပွဲအပြီးမှာတော့ ရာဖင်ဟာက မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းပဲ ဖွင့်ဟလာခဲ့ပါတယ်။ ဘာစီလိုနာနဲ့ရီးရဲလ်မက်ဒရစ်တို့ဟာ အမေရိကန်ရာသီကြိုခရီးစဥ်မှာ ထိပ်တိုက်တွေ့ဖို့ရှိနေကြပါသေးတယ်။

ဒီအတွက် ရာဖင်ဟာက “ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့တဲ့ပွဲမှာလည်း ကျနော် ဂိုးသွင်းနိုင်အောင် ကြိုးစားမှာပါ။ ဂိုးသွင်းတာက ကျနော့်အတွက် ယုံကြည်မှုတွေကို အမြဲတမ်းပေးစွမ်းနိုင်ပြီး ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ချိန်မှာ ဂိုးသွင်းနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့။ ကျနော့်အမြင်ကိုပြောရရင်လည်း ကျနော်တို့ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ထက် ပိုကောင်းတဲ့အသင်းတသင်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ဘာစီလိုနာတို့ဟာ လာမယ့် ဇူလိုင် (၂၄)၊ မနက် (၉) နာရီခွဲမှာ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပြီး ဘာစီလိုနာဟာ အဲ့ဒီပွဲအပြီးမှာတော့ ဂျူဗင်တပ်စ်၊ နယူးယော့ခ်ရက်ဒ်ဘူးလ်တို့နဲ့ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က