ချဲလ်ဆီးတို့ နောက်ထပ်ကစားသမားသစ်ခေါ်ယူနိုင်ခဲ့တာပါ။

ချဲလ်ဆီးဟာ ဘရိုက်တန်နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူဖို့ သေချာသွားခဲ့ပြီး ဒီကစားသမားနဲ့ ခြောက်နှစ်စာချုပ်ချုပ်ဆိုသွားတော့မယ်လို့ ဂျာနယ်လစ်ရိုမာနိုက အတည်ပြုလိုက်ပါတယ်။ ကူကူရယ်လာဟာ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းလက်ခံခဲ့တာဖြစ်ပါတယ်။



ဒါ့အပြင် လက်ရှိအချိန်မှာ ချဲလ်ဆီးနဲ့ဘရိုက်တန်တို့အကြား ပြောင်းရွှေ့ကြေးအတွက်ပါ သဘောတူညီမှုရရှိခဲ့ပါတယ်။ ချဲလ်ဆီးဟာ လီဗီကိုဝဲလ်ကို အပြောင်းအရွှေ့တစိတ်တပိုင်းအဖြစ် အသုံးချခဲ့ပြီး ဒီကစားသမားကြောင့်ပဲ ကူကူရယ်လာရဲ့ ပြောင်းရွှေ့ကြေးက ပေါင်သန်း (၅၀) ထက် ပိုမိုများပြားခဲ့တယ်လို့ သိရှိရပါတယ်။ ချဲလ်ဆီးဟာ ကိုဝဲလ်ကို ပြန်လည်ခေါ်ယူခွင့် စာချုပ်ချုပ်ဆိုထားပါသေးတယ်။

မန်စီးတီးကတော့ ကူကူရယ်လာအတွက် အရင်ဆုံးကြိုးစားခဲ့ပေမယ့် ပေါင်သန်း (၄၀) အထိသာ ကမ်းလှမ်းခဲ့ပြီးနောက် ချဲလ်ဆီး ဝင်ရောက်လာချိန်မှာ ကူကူရယ်လာက လန်ဒန်မြို့ခံအသင်းကိုသာ ရွေးချယ်သွားခဲ့တာပါ။ မန်စီးတီးဟာ အဆိုပါ စပိန်နောက်ခံလူအတွက် ပေါင်သန်း (၃၀) နဲ့ ကနဦးကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘရိုက်တန်က ပေါင်သန်း (၅၀) တောင်းဆိုနေချိန်မှာ ပေါင်သန်း (၄၀) အထိသာ အများဆုံး တိုးမြှင့်ကမ်းလှမ်းခဲ့ပြီး ဒီ့ထက်ပိုမပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကစားသမားဟာ ဒီကနေ့ မနက်ခင်းပိုင်းမှာ ဆေးစစ်မှုခံယူဖို့အတွက် လန်ဒန်မြို့ကို လာရောက်မှာဖြစ်ပြီး စတာလင်၊ ကူလီဘလီတို့နောက် ချဲလ်ဆီးအတွက် တတိယမြောက် အဓိက ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ကွန်ဒေးကိုခေါ်ယူဖို့ကြိုးစားခဲ့သေးပေမယ့်လည်း ဘာစီလိုနာက ကြားဖြတ်ခေါ်ယူခဲ့တာကြောင့် ကူကူရယ်လာကို ရုတ်ချည်းကြိုးစားခဲ့ပြီး မန်စီးတီးထက် အသာရသွားခဲ့တာလည်းဖြစ်ပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်ရဲ့ တောင်ပံတလျှောက်မှာ အတက်အဆင်းမှန်မှန်၊ တိုက်စစ်ခံစစ်မျှမျှတတနဲ့ ခြေစွမ်းပြခဲ့တာကြောင့် ထိပ်တန်းအသင်းတွေက အခုလိုကြိုးစားခဲ့ကြတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က