ဘာစီလိုနာဒါရိုက်တာဟောင်းက သတိပေးလိုက်တာပါ။

ဘာစီလိုနာရဲ့ဒါရိုက်တာဟောင်းတယောက်ဖြစ်တဲ့ တိုနီဖရေရှာက ဘာစီလိုနာရဲ့ လက်ရှိအခြေအနေက ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူနိုင်စွမ်းမရှိကြောင်းနဲ့ ကြယ်ပွင့်တွေကိုပစ်မှတ်ထားနေတယ်ဆိုတဲ့ အသင်းဘက်က ပြောကြားမှုတွေကို မယုံကြည်ဖို့ ပရိသတ်တွေကို သတိပေးလိုက်ပါတယ်။



ဘာစီလိုနာဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး၊ လိဒ်စ်တိုက်စစ်ကစားသမား ရာဖင်ဟာ၊ ဆီဗီလာနောက်ခံလူ ကွန်ဒေးနဲ့ မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားတို့ကို ခေါ်ယူဖို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ဒီကစားသမားတယောက်ချင်းစီအတွက် ဘာစီလိုနာတို့ ယူရိုသန်း (၅၀) အနည်းဆုံး အသုံးပြုဖို့ လိုအပ်ပါတယ်။

အများဆုံးအနေနဲ့ မန်စီးတီးက ဘာနာဒိုဆေးလ်ဗားအတွက် ယူရိုသန်း (၈၀) တောင်းဆိုထားပါတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ လက်ရှိအကြွေးက ပေါင် (၁) ဘီလျံရှိနေပြီး နာမည်ကျော်ကြယ်ပွင့်တွေကို ခေါ်ယူဖို့က ခက်ခဲပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးနဲ့ ပတ်သက်လို့ ဘာစီလိုနာဒါရိုက်တာဟောင်း ဖရေရှာက အခုလိုပဲ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

ဖရေရှာက “လီဝန်ဒေါစကီး၊ ကွန်ဒေး၊ ရာဖင်ဟာ၊ ဘာနာဒိုဆေးလ်ဗားတို့ တယောက်မှ မလာဘူးဆိုတာ ခင်ဗျားတို့သိလား? ခင်ဗျားတို့ ဒါတွေသိကြလား” လို့ ဒေါသတကြီးရေးသားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဖရေရှာက “ဘာစီလိုနာရဲ့ ကစားသမားခေါ်ယူမှုအကြောင်းကို ကျနော်ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က လေရောင်းလေဝယ်လုပ်နေကြတာပါ”

“သူတို့ပြောနေတဲ့အကြောင်းအရာတွေက လက်တွေ့နဲ့ကွာဟနေပြီး အခုသတင်းထွက်နေတဲ့ ကစားသမားတွေ မရောက်လာနိုင်ဘူးဆိုတာကို ကျနော်သတိပေးလိုပါတယ်။ ကစားသမားတယောက်ကို ရောင်းထုတ်မှသာ တယောက်ရရင် ရမယ်၊ ဒါပေမယ့် ဘာနာဒိုဆေးလ်ဗားအတွက် အများကြီးရောင်းထုတ်ရမှာ။ ခင်ဗျားတို့ စက်ဘီးတစီးကိုရောင်းထုတ်ချင်တယ်ဆိုရင် ရောင်းထုတ်လိုက်၊ ပြန်မဝယ်နဲ့။ ဒါမျိုးတွေပြောနေရတာက ဘာစီလိုနာမှာ အဆင်ပြေနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေကြလို့ပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က