မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ခဲ့ပြီဖြစ်တဲ့ မက်ဆီက သူ ဘာကြောင့် ရွေးချယ်ခဲ့ရတာလဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။ မက်ဆီက သူ ငွေကြေးအတွက် ရွေးချယ်ခဲ့တာမဟုတ်ဘဲ ငွေကြေးအတွက်ဆို ဆော်ဒီ ဒါမှမဟုတ် တခြားနေရာတခုကို ပြောင်းရွှေ့နိုင်တယ်လို့ ဆိုခဲ့ပါတယ်။
မက်ဆီရဲ့ ရွေးချယ်မှုကို အားလုံးက အံ့အားသင့်ခဲ့ရပြီး အသင်းဟောင်းဘာစီလိုနာနဲ့ ဆော်ဒီကို ဘာလို့မရွေးချယ်ခဲ့လဲဆိုတာကိုလည်း သိချင်နေခဲ့ကြပါတယ်။ အခုအခါမှာ မက်ဆီက သူ ဘာစီလိုနာကို ပြန်သွားချင်ခဲ့ပေမယ့်လည်း သူ့ကိုခေါ်ယူနိုင်ဖို့ အသင်းဟောင်းဘက်က လုပ်နိုင်တာတွေ နည်းပါးခဲ့တယ်လို့် ဝန်ခံခဲ့ပါတယ်။
" လာလီဂါက မီးစိမ်းပြခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကျနော်ကြားခဲ့ရပါတယ်၊ ဒါပေမယ့် အမှန်ကတော့ ဘာစီလိုနာကို ပြန်သွားဖို့အတွက်ဆိုရင် လုပ်စရာတွေက အများကြီး ကျန်ရှိနေသေးတာပါ၊ တကယ်ကို အများကြီးပါ၊ ကျနော့်ကို ခေါ်ယူဖို့အတွက် သူတို့တွေ ကစားသမားတွေကို ရောင်းချရတာ၊ လစာတွေ လျှော့ချရတာမျိုးတွေကိုလည်း ကျနော်မလုပ်စေချင်ခဲ့ဘူး၊
"ကျနော် အရမ်းပင်ပန်းခဲ့ပါတယ်" လို့ မက်ဆီက ပြောဆိုခဲ့ကြောင်း ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီကို ပြောင်းရွှေ့မယ်ဆိုရင် မေဂျာလိဂ်အတွက် APPLE TV မှာ Subscription လုပ်ဆောင်မှုတွေကနေ ရာခိုင်နှုန်းနဲ့ ရရှိမှာဖြစ်ပြီး APPLE က တိုက်ရိုက်ပေးချေမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Adidas ကလည်း မိုင်ယာမီဂျာစီရောင်းချရမှုတွေထဲကနေ ရာခိုင်နှုန်းနဲ့ တိုက်ရိုက်ပြန်ပေးမယ့် အခွင့်အရေးတွေကို ခံစားရမယ်လို့ သိရပါတယ်။ ဒါကြောင့် မက်ဆီက သူ့ရဲ့ပုံရိပ်ကြီးကျယ်မှုပေါ် မူတည်ကာ အကျိုးအမြတ်တွေ ခံစားခွင့်တော့ ရှိမှာ ဖြစ်ပါတယ်။