ဘာကာဘုတ်အဖွဲ့ကို ဖုန်းဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

ပီအက်စ်ဂျီမှာ အဆင်မပြေမှုတွေကို ရင်ဆိုင်နေရတဲ့ မက်ဆီဟာ ဘာစီလိုနာက ထွက်ခွာပြီး တနှစ်အကြာမှာပဲ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ချင်နေပြီဆိုတဲ့ အသံတွေထွက်လာပါတယ်။ ဘော်ဒိုးနဲ့ပွဲမှာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် မက်ဆီရဲ့ ပြင်သစ်မြေမှာ မပျော်ရွှင်တဲ့ စိတ်အခံက ပိုမိုဆိုးရွားလာခဲ့တယ်လို့ ယုံကြည်ရပါတယ်။ 

ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၇ ဂိုးသာ ရရှိထားသေးပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေလည်း အသင်းထွက်ခွာခဲ့ရာမှာ မက်ဆီက ဝေဖန်ခံရတဲ့ ကစားသမားတွေထဲက တဦးဖြစ်ခဲ့ပါတယ်။ သူနဲ့အတူ အသင်းဖော်နေမာကို ပရိသတ်တွေက အော်ဟစ်လှောင်ပြောင်ခဲ့ကြတာဖြစ်ပြီး အခုအခါ မက်ဆီရဲ့ အဖေဂျော့မက်ဆီက သူ့သားကို နူးကမ့်ဆီ ပြန်ရောက်ဖို့ ကြိုးစားနေပြီဖြစ်ကြောင်း သိရပါတယ်။ 

သတင်းထောက်တဦးဖြစ်တဲ့ Gerard Romero က မက်ဆီရဲ့ ဖခင်က သူ့သားအတွက် အားထုတ်နေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာပဲ ဂျော့မက်ဆီက ဘာစီလိုနာဘုတ်အဖွဲ့ကို ဖုန်းဆက်သွယ်ခေါ်ယူခဲ့ပြီး အသင်းကို ပြန်လည်သွားရောက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ရေးသားခဲ့တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ 


မက်ဆီကိုယ်တိုင်လည်း ပီအက်စ်ဂျီမှာ မပျော်မရွှင်ဖြစ်နေကာ ဘာစီလိုနာက ထွက်ခွာခဲ့တဲ့အပေါ်မှာ နောင်တရနေတယ်လို့လည်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မက်ဆီဟာ အသင်းတွင်းမှာလည်း အသင်းဖော်တွေနဲ့ တကွဲတပြားဖြစ်နေခဲ့​ပြီး ရီးရဲလ်မက်ဒရစ်နဲ့ပွဲ ပထမပိုင်းအပြီးမှာ အထင်အရှားမြင်တွေ့ခဲ့ရကာ ဥမင်လမ်းအတွင်း သူ တဦးတည်း သီးခြားရှိနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က