ဇာဗီဟာ နည်းပြရော်နယ်ကိုးမန်းရဲ့ နေရာကို ဆက်ခံရမှာဖြစ်ပြီး ရလဒ်တွေယိမ်းယိုင်နေတဲ့ အသင်းဟောင်းကို တည့်မတ်ပေးရမှာဖြစ်ကာ ကစားသမားဘဝမှာ အောင်မြင်မှုတွေရယူပေးနိုင်ခဲ့သလို နည်းပြဘဝမှာလည်း ရယူပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။
အသင်းကွင်းလယ်လူဟောင်းဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ခဲ့ပြီလို့ ဘာစီလိုနာအသင်းက တရားဝင်ကြေညာခဲ့ပြီဖြစ်ပါတယ်။ ကာတာကလပ်အယ်လ်ဆတ်ဒ်ကို ကိုင်တွယ်နေတဲ့ ဇာဗီဟာ နည်းပြရော်နယ်ကိုးမန်းရဲ့ နေရာကို ဆက်ခံရမှာဖြစ်ပြီး ရလဒ်တွေယိမ်းယိုင်နေတဲ့ အသင်းဟောင်းကို တည့်မတ်ပေးရမှာဖြစ်ကာ ကစားသမားဘဝမှာ အောင်မြင်မှုတွေရယူပေးနိုင်ခဲ့သလို နည်းပြဘဝမှာလည်း ရယူပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။
ဇာဗီကို ခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာဟာ ရက်အနည်းငယ်ကြာကြိုးစားခဲ့ပြီး အယ်လ်ဆတ်ဒ်အသင်းနဲ့ ညှိနှိုင်းခဲ့ရပါတယ်။ အယ်လ်ဆတ်ဒ်အသင်းရဲ့ ပြောဆိုချက်အရ ဘာစီလိုနာက လျော်ကြေးပေးချေဖို့ သဘောတူညီခဲ့သလို အနာဂတ်မှာ ကလပ်အသင်းနှစ်သင်းကြား ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခွင့်ပေးမယ်ဆိုတဲ့ မက်လုံးကိုပါ ပေးခဲ့ရဖွယ်ရှိနေပါတယ်။
စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Mundo Deportivo ကတော့ အယ်လ်ဆတ်ဒ်အသင်းကို ပေးချေရမယ့် လျော်ကြေးငွေကို ဇာဗီက ထက်ဝက်စိုက်ပေးခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ လျော်ကြေးအနေနဲ့ ယူရိုငါးသန်းပေးခဲ့ရတာဖြစ်ပြီး အဆိုပါသတင်းသာ မှန်ကန်ခဲ့တယ်ဆိုပါက ဇာဗီဟာ ယူရို ၂.၅သန်းအထိကို စိုက်ထုတ်ပြီးတော့မှ အသင်းဟောင်းကို ကိုင်တွယ်ဖို့ အသုံးပြုခဲ့ရမှာဖြစ်ပါတယ်။
အယ်လ်ဆတ်ဒ်မှာ သူနဲ့လက်တွဲနေတဲ့ နည်းပြအဖွဲ့ကို အတူတူခေါ်ဆောင်လာဖို့၊ ဘာစီလိုနာအသင်းဆရာဝန်ဟောင်းတစ်ခုကို ပြန်ခန့်အပ်ပြီး လက်ရှိရင်ဆိုင်နေရတဲ့ ကစားသမားဒဏ်ရာပြသနာတွေကို ဖြေရှင်းဖို့နဲ့ အပြောင်းအရွှေ့ကာလမှာ တောင်ပံကစားသမားတစ်ဦးဝယ်ယူပေးဖို့ဆိုပြီး ဇာဗီက တောင်းဆိုခဲ့ကြောင်း သိရပါတယ်။