ဒီတပတ် လာလီဂါပွဲအဖြစ် ကစားရမှာပါ။

အိမ်ရှင်အဖြစ် အက်သလက်တီကိုမက်ဒရစ်က လက်ခံကစားရမှာဖြစ်ပြီး တဖက်မှာတော့ ဘာစီလိုနာက ခြေစွမ်းကျဆင်းနေကာ ရလဒ်တွေပါ ဆိုးရွားနေတာဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးဟောင်းဆင်မြူရယ်အီတိုးက ဒီတစ်ပတ်ကစားရမယ့် အက်သလက်တီကိုမက်ဒရစ်နဲ့ ဘာစီလိုနာပွဲမှာ လက်ရှိ်ချန်ပီယံအေတီကိုက ပိုမိုရေပန်းစားနေပေမယ့် ထင်သလောက်လွယ်မယ်မထင်နဲ့လို့ သတိပေးလိုက်ပါတယ်။ အိမ်ရှင်အဖြစ် အက်သလက်တီကိုမက်ဒရစ်က လက်ခံကစားရမှာဖြစ်ပြီး တဖက်မှာတော့ ဘာစီလိုနာက ခြေစွမ်းကျဆင်းနေကာ ရလဒ်တွေပါ ဆိုးရွားနေတာဖြစ်ပါတယ်။ 



နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ဘာစီလိုနာက တစ်ပွဲသာအနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲ ၂ပွဲဆက်တိုက်လည်း အရေးနိမ့်ခဲ့ပါတယ်။ ဘင်ဖီကာကို ၃-၀ နဲ့ ရှုံးနိမ့်မှုလည်း ပါဝင်ခဲ့ပြီး ဒီလိုအခြေအနေတွေကြောင့် လာမယ့်ပွဲမှာလည်း အေတီကိုကို အနိုင်ရဖို့မလွယ်ကူဘူးလို့ ယူဆနေကြပေမယ့် အီတိုးကတော့ အသင်းဟောင်းကို လျှော့မတွက်နဲ့လို့ ဆိုခဲ့တာပါ။ 

"ကျွန်တော့်အမြင်အရဆိုရင် အက်သလက်တီကိုမက်ဒရစ်က လာလီဂါမှာ လူစာရင်းအကောင်းဆုံးအသင်းဖြစ်နေပါတယ်၊ ဒါပေမယ့်လည်း ဘာစီလိုနာထက်တော့ သာမယ်မထင်ပါဘူး၊ သူတို့က ပိုပြီးရေပန်းစားနေပေမယ့် ဘာစီလိုနာက အမြဲတမ်းဘာစီလိုနာပါ" လို့ အီတိုးက ပြောဆိုခဲ့ပါတယ်။ ဒါဟာအသင်းဟောင်းကို စိတ်ဓာတ်ပိုင်းအရအားပေးတာလား၊ တကယ်ပဲ သူ့အမြင်ကို ပြောတာလားဆိုတာက စဉ်းစားစရာကောင်းနေပါတယ်။ 

ကံကောင်းတာကတော့ အက်သလက်တီကိုမက်ဒရစ်ကလည်း သူတို့ရဲ့နောက်ဆုံးငါးပွဲမှာ ၂ပွဲသာ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်းမှာ လက်ခံကစားရမယ့်အပြင် ချန်ပီယံလိဂ်မှာ အေစီမီလန်ကို အနိုင်ရခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာအရတော့ ဘာစီလိုနာထက် သာလွန်နေမှာဖြစ်ပြီး ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။  

Share

က္က