ဆုရရှိဖို့သေချာခဲ့ပြီးမှ ကိုဗစ်ကပ်ရောဂါကြောင့် လွဲချော်ခဲ့ရသူပါ။

ဘာစီလိုနာအတွက် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီးက သူ့အတွက် ဘလွန်းဒီအောဆုရရှိဖို့ လမ်းကြောင်းက ဒီအသင်းမှာရှိနေတာဖြစ်တဲ့အတွက် ပိုမိုမြန်ဆန်လာလိမ့်မယ်လို့ ယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် လီဝန်ဒေါစကီးဟာ ဒီရာသီကမှ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် အသင်းသစ်အတွက် ၈ ပွဲကစားပြီး ၁၁ ဂိုးူအထိ သွင်းယူပေးထားနိုင်ခဲ့ပြီဖြစပါတယ်။ 

လာလီဂါမှာလည်း ဘန်ဇီမာ၊ အိုင်ဂိုအက်စ်ပက်စ်တို့ထက် သွင်းဂိုးအသာရထားပြီး ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးကနေ ဦးဆောင်နေပြီဖြစ်ပါတယ်။ ဒီရာသီမှာ ပုံစံကောင်းပြသနေမှုကြောင့် လီဝန်ဒေါစကီးကို ပြီးခဲ့တဲ့နှစ်နှစ်က လွဲချော်ခဲ့တဲ့ ဘလွန်းဒီအောဆုကို ဘာစီလိုနာမှာကစားနေရင်းနဲ့ ရယူနိုင်ချေက မြင့်မားနေပြီဖြစ်ပါတယ်။ 

" ဘလွန်းဒီအောဆုကို ဘာစီလိုနာက ကစားသမားတွေ အများဆုံးရရှိထားတယ်ဆိုတာ ကျနော်သိပါတယ်၊ ဒီတော့ ကျနော့်ရဲ့ အဲဒီဆုကို ရယူရေးလမ်းကြောင်းက ဘိုင်ယန်မှာတုန်းကရှိခဲ့တဲ့ လမ်းကြောင်းထက် ပိုပြီးတိုသွားမယ်လို့ ထင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဘာကာမှာ အဖွင့်ပွဲ ၈ ပွဲကစားအပြီး ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ်နဲ့ စံချိန်သစ်တင်ထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 

၂၀၂၀ တုန်းက ဘိုင်ယန်အတွက် ခြေစွမ်းတော်တော်လေးပြသခဲ့ကာ အောင်မြင်မှုတွေလည်းရယူနိုင်ခဲ့လို့ လီဝန်ဒေါစကီးက ဘလွန်းဒီအောဆုကို ရရှိတော့မယ်လို့ အားလုံးက ယုံကြည်ထားခဲ့ပါတယ်။ ဒါပေမယ့် ကိုဗစ်ကပ်ရောဂါကို အကြောင်းပြုပြီး ဆုပေးပွဲကို မလုပ်ဖြစ်တော့တာကြောင့် လီဝန်ဒေါစကီးက သူ သေချာပေါက်ရရှိမယ့် ဆုကို လက်လွှတ်ခဲ့ရပါတယ်။ 


ဒီနောက်မှာတော့ သူက ဘလွန်းဒီအောဆုကို ဆွတ်ခူးနိုင်ဖို့နဲ့ နယ်မြေသစ်တခုမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့ပြီး ခြေစွမ်းပြသနေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က