ပီအက်စ်ဂျီကစားသမားဘဝ ပထမဆုံးပွဲကို ကစားခဲ့ပါပြီ။

သူ ဝင်ကစားချိန်မှာပဲ ဘတ်ပီရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ပီအက်စ်ဂျီက ဦးဆောင်နေခဲ့ပြီဖြစ်ကာ မက်ဆီအနေနဲ့ ပွဲဦးထွက်ပွဲစဉ်ကို သက်တောင့်သက်သာပဲ ကစားနိုင်ခဲ့ပါတယ်။ 


ပီအက်စ်ဂျီက ရင်းမ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကစားသမားသစ်မက်ဆီကတော့ ပထမဆုံးအကြိမ် ပါဝင်ကစားပေးသွားခဲ့ပြီဖြစ်ပါတယ်။ မက်ဆီက ဒုတိယပိုင်းမှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး သူ ဝင်ကစားချိန်မှာပဲ ဘတ်ပီရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ပီအက်စ်ဂျီက ဦးဆောင်နေခဲ့ပြီဖြစ်ကာ မက်ဆီအနေနဲ့ ပွဲဦးထွက်ပွဲစဉ်ကို သက်တောင့်သက်သာပဲ ကစားနိုင်ခဲ့ပါတယ်။ 

ပွဲကစားချိန် ၆၆ မိနစ်မှာ နေမာနဲ့ လူစားလဲဝင်ကစားခဲ့ပြီး No 10 Role နေရာမှာ မက်ဆီက လှုပ်ရှားကစားခဲ့ပြီး ဘတ်ပီနဲ့ အချိတ်အဆက်မိခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီဟာ သူ့ရဲ့အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့ခြင်းမရှိသေးဘဲ အသင်းသစ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ အချိန်အနည်းငယ်ယူရဦးမှာဖြစ်ကာ ပီအက်စ်ဂျီကစားသမားဘဝ ပထမဆုံးပွဲစဉ်က သူ့အတွက်တော့ ပြောစမှတ်တွင်ရလောက်အောင်မျိုး ဖြစ်ရပ်မရှိခဲ့ပါဘူး။ 

နည်းပြပိုချက်တီနိုကတော့ "မက်ဆီကစားသွားတာကောင်းမွန်ပါတယ်၊ သူ့ရဲ့အကောင်းဆုံးပုံံစံကို မြင်တွေ့ရတာမျိုးမရှိခဲ့ပေမယ့် လေ့ကျင့်ကွင်းမှာ သူ အကောင်းဆုံးကြိုးစားနေတာပါ၊ သူ ပွဲဦးထွက်ပွဲ ကစားနိုင်တာကိုတွေ့လို့ ကျွန်တော်အရမ်းပျော်ရွှင်ရပါတယ်၊ ဒါက သူ့အတွက်လည်း အရေးကြီးပါတယ်၊ နိုင်ငံတကာပွဲတွေအပြီးမှာ သူ ပိုကောင်းလာပါလိမ့်မယ်၊ သူ့ဆီကနေ အကောင်းဆုံးတွေကို ကျွန်တော်တို့ မျှော်လင့်ထားပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


ပွဲအပြီးမှာတော့ မက်ဆီဟာ ရင်းမ်အသင်းဂိုးသမားရဲ့ ကလေးငယ်နဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ကူးပေးခဲ့ပြီး ပီအက်စ်ဂျီပရိသတ်အဖိုးအိုတစ်ဦးကိုလည်း အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ လက်ရှိမှာတော့ နေမာ၊ ဘတ်ပီ၊ မက်ဆီတို့အတွဲအဖက်ကို မြင်တွေ့ရခြင်းမရှိသေးဘဲ နိုင်ငံပွဲစဉ်တွေအပြီးမှာ မြင်တွေ့ရဖွယ်ရှိကာ ပီအက်စ်ဂျီရဲ့ တိုက်စစ်ပိုင်းကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 

Share

က္က