အမ်ဘာပေကတော့ လမ်းပါလျှောက်နေခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အမ်ဘာပေကတော့ သူ့ရဲ့ ကစားပုံတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီပွဲမှာ ဘာစီလိုနာက ၂-၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။



ဒီပွဲအတွင်း ပီအက်စ်ဂျီရရှိသွားတဲ့ ဂိုးတွေအတွက် အမ်ဘာပေက ပါဝင်ပတ်သက်နိုင်ခြင်းမရှိခဲ့သလို ဘာစီလိုနာနောက်ခံလူတွေဖြစ်တဲ့ ကွန်ဒေး၊ အရူဂျိုတို့ရဲ့ ထိန်းချုပ်မှုအောက်ကို လုံးဝကျရောက်ခဲ့ပါတယ်။ အမ်ဘာပေဟာ ဘာစီလိုနာဂိုးပေါက်ကိုတောင် တစ်ကြိမ်မှ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင်ခဲ့တဲ့အပြင် ဘောလုံးယှဉ်လုတဲ့အပိုင်းမှာလည်း (၂၅) ရာခိုင်နှုန်းသာ အသာရရှိခဲ့ပါတယ်။ ဘောလုံးဆုံးရှုံးမှုကတော့ (၁၃) ကြိမ်အထိ ရှိခဲ့ပြီး တော်တော်လေးဆိုးရွားတဲ့ ကစားပုံနဲ့ ခြေစွမ်းကို ပြသခဲ့တာပါ။

ဒါ့အပြင် အဆိုပါ ပြင်သစ်ကြယ်ပွင့်က ပွဲအတွင်းမှာ အားစိုက်ထုတ် ကစားခဲ့ခြင်းမရှိဘဲ လမ်းသာလျှောက်နေခဲ့တယ်လို့လည်း ဝေဖန်ခံနေရပါတယ်။ ဒီပွဲမှာ ဂိုးမသွင်းနိုင်တာကြောင့်လည်း အမ်ဘာပေက စပိန်ကလပ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ (၇) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်လည်း ရပ်တန့်သွားခဲ့ရပါတယ်။

အထူးသဖြင့် အမ်ဘာပေဟာ ဘာစီလိုနာရဲ့ ကြယ်ပွင့်နောက်ခံလူလေးဖြစ်တဲ့ ကူဘာစီကိုတောင် ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။ အဲ့ဒါတွေကြောင့်လည်း ပရိသတ်တွေက အမ်ဘာပေရဲ့ ကစားပုံနဲ့ ပတ်သက်လို့ ပွဲအပြီးမှာ ပြစ်တင်ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က