အစဉ်အလာပြိုင်ဘက်ဟောင်းကိုမှ ကိုင်တွယ်ချင်နေတာပါ။

ရော်နယ်ကိုးမန်းနေရာအတွက် သူ့ကို ကမ်းလှမ်းခဲ့မယ်ဆိုရင် လက်ခံသွားမယ်ဆိုတဲ့ သဘောကို ရည်ရွယ်ခဲ့ပါတယ်။ 


ရီးရဲလ််မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟောင်းဂူတီက သူ့အနေနဲ့ ဘာစီလိုနာနည်းပြရာထူးကို မရယူနိုင်စရာအကြောင်း ဘာမှမရှိဘူးလို့ အံ့အားသင့်ဖွယ်ရာပြောဆိုလိုက်ပါတယ်။ သောကြာနေ့ကပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ဂူတီက ပြောဆိုခဲ့တာဖြစ်ပြီး ရော်နယ်ကိုးမန်းနေရာအတွက် သူ့ကို ကမ်းလှမ်းခဲ့မယ်ဆိုရင် လက်ခံသွားမယ်ဆိုတဲ့ သဘောကို ရည်ရွယ်ခဲ့ပါတယ်။ 



ဘာစီလိုနာကတော့ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ လွတ်မြောက်ဖို့ အားကုန်ရုန်းရတော့မှာလည်းဖြစ်ပါတယ်။ လာလီဂါမှာလည်း အခြေအနေမကောင်းဖြစ်နေပြီး ဒီတပတ်မှာ လက်ရှိချန်ပီယံအက်သလက်တီကိုမက်ဒရစ်နဲ့ ကစားရဖို့ရှိနေကာ ထပ်မံအရေးနိမ့်ခဲ့ပါက ရော်နယ်ကိုးမန်းထုတ်ပယ်ခံရမယ့် အနေအထားမှာရှိနေတာလည်းဖြစ်ပါတယ်။ 

ဂူတီက "ဘာကာနည်းပြအဖြစ် ကျွန်တော်ဖြစ်လာနိုင်လားဆိုတော့ ဘာလို့မဖြစ်နိုင်ရမှာလဲ၊ ဖြစ်နိုင်တာပေါ့၊ ကျွန်တော့်မှာနည်းပြတစ်ယောက်ရဲ့ အရည်အသွေးတွေရှိတယ်ဆိုတာ ကမ္ဘာကြီးကို ပြသချင်ပါတယ်" လို့ ပွင့်ပွင့်လင်းလင်းပဲပြောဆိုသွားခဲ့ပါတယ်။ တကယ်သာ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင်တော့ ဒါဟာ အံ့အားသင့်စရာကောင်းလာမှာတော့ အမှန်ပဲဖြစ်ပါတယ်။ 


ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကြားမှာ ကြီးမားတဲ့ပြိုင်ဆို်င်မှုတွေရှိခဲ့ပြီး ဂူတီကိုယ်တိုင်လည်း ဒီထဲမှာ ကြီးကြီးမားမားပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။ ကစားသမားဘဝက အနားယူပြီးနောက် ဂူတီဟာ ရီးရဲလ်လူငယ်အသင်းနည်းပြအဖြစ် နှစ်ပေါင်းများစွာတာဝန်ယူခဲ့ပြီး ၂၀၁၈ မှာတော့ ဘက်ဆီးတပ်စ်လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခံရကာ ၂၀၁၉ မှာ ဆီဂန်ဒါကလပ် အယ််လ်မီရီယာနည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ 

ဒါပေမယ့်လည်း လအနည်းငယ်အကြာမှာပဲ အယ်လ်မီရီယာကနေ ထုတ်ပယ်ခံခဲ့ရကာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။ ဘာကာကတော့ ရော်နယ်ကိုးမန်းနေရာအတွက် အသင်းကစားသမားဟောင်း ဇာဗီ၊ လီဗာပူးလ်နည်းပြကလော့ပ်တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က