တော်တော်ပေါက်ပေါက်ရှာရှာတွေးတတ်တယ်လို့ ပြောရမှာပါပဲ။

ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြိး ယူရိုပါလိဂ်ကိုဆင်းကန်ရတော့မယ့် ဘာစီလိုနာရဲ့ ယုတ်လျော့မှုကြောင့် ပရိသတ်တွေအားလုံး စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ရပါတယ်။ ဒါပေမယ့် ပရိသတ်တဦးကတော့ အသင်းရဲ့အနေအထားအတွက် အပြုံးမပျက်ရှိနေခဲ့ပြီး ချန်ပီယံလိဂ်ထက် ယူရိုပါလိဂ်က ပိုမိုကောင်းမွန်တဲ့ ပြိုင်ပွဲဖြစ်တယ်ဆိုတာကို အချက်အလက်တွေနဲ့ တွစ်တာမှာ ရေးသားပြောဆိုခဲ့ပါတယ်။ 



H လို့ နာမည်ပေးထားပြီး အန်ဆူဖာတီရဲ့ ဓာတ်ပုံကို ပရိုဖိုင်အဖြစ်ထားရှိတဲ့ အဆိုပါပရိသတ်ရဲ့ ရေးသားမှုတွေက တော်တော်လေးကို ရေပန်းစားပျံ့နှံ့နေပြီလည်းဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ သူက ကမ္ဘာပေါ်မှာ ယူရိုပါလိဂ်က ချန်ပီယံလိဂ်ထက် ဘာကြောင့်ပိုကောင်းတဲ့ပြိုင်ပွဲဖြစ်နေရသလဲဆိုတာကို ပြောပြမယ်ဆိုပြီး ရေးသားခဲ့ပါတယ်။ 



အဲဒီနောက် သူက အကြောင်းရင်းတွေကို အခုလိုပဲရေးသားခဲ့ပါတယ်။ "ယူရိုပါလိဂ်ရဲ့ နောက်ခံသီချင်းသံက ဒီအားကစားနည်းမှာ ကြားဖူးခဲ့သမျှထဲ အကောင်းဆုံးပဲ" လို့ သူက ရေးသားခဲ့ပါတယ်။ နောက်တချက်အနေနဲ့ "ယူရိုပါလိဂ်မှာ ချန်ပီယံလိဂ်ထက် အသင်းအရေအတွက်ပိုများတယ်၊ အသင်းတွေပိုများတဲ့အတွက် ပွဲတွေပိုကစားရပြီး ယူရိုပါလိဂ်ဖလားရဖို့က ပိုခက်တယ်" လို့ ဆိုပါတယ်။ 


နောက်ထပ်တခုအဖြစ်နဲ့ သူက "ယူရိုပါလိဂ်မှာဆိုရင် နာပိုလီလို ဗိုလ်စွဲဖူး၊ သမိုင်းကြောင်းရှိတဲ့အသင်းရှိနေချိန်မှာ ချန်ပီယံလိဂ်မှာ မယ်လ်မို၊ ကလပ်ဘရုဂ်တို့လို အသင်းငယ်လေးတွေတောင် ဝင်ကစားနေပြီ" လို့ ထပ်မံရေးသားခဲ့ပါတယ်။ နောက်အချက်မှာတော့ "ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ဖလား ၁၃ ကြိမ်ရထားပြီး ဒါက ဆီဗီလာရဲ့ ယူရိုပါလိဂ်ဖလားရတာထက် ၂ ဆပါ၊ ဆိုလိုတာကတော့ ယူရိုပါလိဂ်က အနိုင်ရဖို့ ပိုခက်တယ်ဆိုတာပဲ" လို့ ရေးသားခဲ့ပါတယ်။ 



"မက်ဆီ၊ ရော်နယ်ဒို၊ မာလ်ဒီနီ၊ ဇာဗီ၊ အင်နီယေစတာတို့လို ဂန္ထဝင်ကစားသမားတွေက ချန်ပီယံလိဂ်ဖလားကို ၄ လုံးနဲ့အထက်ရထားပေမယ့် ယူရိုပါလိဂ်ကျ သူတို့မရဖူးဘူး၊ ဒါကလည်း ယူရိုပါလိဂ်က ဗိုလ်စွဲဖို့ပိုခက်တယ်ဆိုတာပဲ" လို့ ထပ်မံရေးသားခဲ့ပါတယ်။ "ယူရိုပါလိဂ်ချန်ပီယံရဲ့အဓိပ္ပာယ်က ဥရောပရဲ့အကောင်းဆုံးလို့ ဆိုလိုတာပါ၊ ချန်ပီယံလိဂ်ကျတော့ ချန်ပီယံတွေလို့ပဲ ဆိုထားပါတယ်၊ တိုက်ကြီးတခုလုံးအနေအထားနဲ့ အကောင်းဆုံးမဟုတ်ဘူး" လို့ သူက ထပ်ပြောခဲ့ပါတယ်။ 



အဆိုပါပရိသတ်ရဲ့ ပြောဆိုခဲ့တဲ့အပေါ်မှာ တွစ်တာအသုံးပြုသူ တော်တော်များများက ပွဲကျနေခဲ့ကြပြီး Retweet လုပ်တာတွေ အများကြီးရှိနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က