ထူးထူးခြားခြားကို ခြေစွမ်းပြနေတဲ့ တိုက်စစ်အတွဲဖြစ်ပါတယ်။

ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် အထူးခြေစွမ်းပြနေတာကတော့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာနဲ့ ဗင်နီရှပ်တွေဖြစ်ပါတယ်။ ကစားသမားဘ၀ နေဝင်ခါနီးမှာမှ အစွမ်းကုန်တောက်ပနေတဲ့ ဘန်ဇီမာ နဲ့ လူငယ်ခြေတက်လေး ဗင်နီရှပ်တို့ရဲ့ အတွဲအဖက်မိမှုက အားလုံးကို အံ့အားသင့်စေခဲ့ရပြီး အန်ဆယ်လော့တီရဲ့ အဓိကလက်နက်တွေလည်း ဖြစ်လာခဲ့ပါတယ်။ 

ဒီရာသီမှာဆိုရင် သူတို့နှစ်ဦးပေါင်း ပြိုင်ပွဲစုံသွင်းဂိုးစုစုပေါင်းက ၃၆ ဂိုးအထိ ဖြစ်လာခဲ့ပြီး ဖန်တီးပေးထားမှုပေါင်းက ၁၇ ကြိမ်အထိ ရှိနေခဲ့ပါတယ်။ ဒါဟာ ဘာစီလိုနာတသင်းလုံးရဲ့ သွင်းဂိုးစုစုပေါင်း ၃၅ ဂိုးထက် တဂိုးအသာရနေတာဖြစ်တယ်လို့လည်း ESPN က ဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ လာလီဂါမှာ ၂၉ ဂိုးအထိ ရရှိထားပြီး ဘာစီလိုနာကတော့ ၃၁ ဂိုးသာရရှိထားကာ ၂ ဂိုးပဲ အသာရထားတာဖြစ်ပါတယ်။ 


လာလီဂါရွှေဖိနပ်ဆုအတွက်လည်း ဘန်ဇီမာက ရေပန်းအစားဆုံးကစားသမားဖြစ်နေပြီး ဗင်နီရှပ်ကတော့ အကောင်းဆုံးလူငယ်ကစားသမားတဦးအဖြစ် ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ ဗလင်စီယာနဲ့ပွဲမှာလည်း သူတို့နှစ်ဦးက ၂ ဂိုးစီသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး လက်ရှိမှာ ရပ်တန့်နိုင်တဲ့ ကစားသမားက မရှိသလောက်ဖြစ်နေကာ ဘန်ဇီမာရဲ့ အဆုံးသတ်ပိုင်းစွမ်းရည်၊ ဗင်နီရှပ်ရဲ့ ပြိုင်ဘက်ခံစစ်ကို ဖရိုဖရဲဖြစ်စေတဲ့ စွမ်းရည်တွေက ထင်ရှားခဲ့ပါတယ်။ 

လာလီဂါမှာ သွင်းဂိုးနဲ့ ဖန်တီးမှုနှစ်ခုကို ပေါင်းမယ်ဆိုရင်တော့ ဘန်ဇီမာက ၂၄ ဂိုးရှိပြီး ဗင်နီရှပ်က ၁၆ ဂိုးအထိ ရှိနေခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်ရရှိထားတဲ့ လာလီဂါသွင်းဂိုးရဲ့ ထက်ဝက်ကျော်ကို သူတို့နှစ်ဦးက သွင်းယူပေးထားတာဖြစ်ပြီး အသင်းရဲ့အဓိကထောက်တိုင်တွေလည်း ဖြစ်နေခဲ့ပါတယ်။ ဒါဟာ BBC တိုက်စစ်နောက်ပိုင်း ဘာနေဗျူးရဲ့ အကောင်းဆုံးတိုက်စစ်အတွဲလို့တောင်မှ ဆိုရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က