မှတ်ပုံတင်စာရင်းသွင်းဖို့ အငြင်းခံထားရတာပါ။

စပိန်လာလီဂါအဖွဲ့ချုပ်ဟာ ဘာစီလိုနာရဲ့ ကစားသမားတွေဖြစ်တဲ့ လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ဖရန့်ကက်ဆီ၊ ခရစ္စတီယန်နဲ့ ကွန်ဒေးတို့ကို ကစားသမားအဖြစ် မှတ်ပုံတင်စာရင်းသွင်းခွင့်မပြုခဲ့ဘူးလို့ Bleacher Report က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် စာချုပ်သစ်ချုပ်ဆိုထားခဲ့တဲ့ ဒမ်ဘီလီနဲ့ ရောဘတ်တို့တို့လည်း ပါဝင်ခဲ့ကာ ဘာကာအနေနဲ့ ငွေကြေးပိုမိုရှာဖွေပြီး ဘဏ္ဍာရေးဟန်ချက်ညီအောင် ထိန်းညှိနိုင်မှသာ ခွင့်ပြုပေးမယ်လို့ သိရပါတယ်။ 

ဒါဟာ လာမယ့်ရာသီသစ်အတွက် ကစားသမားသစ်တွေကို ပေါင်သန်းရာနဲ့ချီအထိ အကုန်အကျခံကာ ခေါ်ယူခဲ့တဲ့ ဘာကာအတွက် ကြီးမားတဲ့ထိုးနှက်ချက်လည်းဖြစ်လာခဲ့ပါတယ်။ ဘဏ္ဍာရေးပြသနာတွေ ကြီးကြီးမားမားရှိနေတဲ့ ဘာစီလိုနာဟာ အသင်းမူပိုင်ခွင့်ကိုပါ ရာခိုင်နှုန်းနဲ့ ပြန်လည်ရောင်းချထားရသလို အသင်းကွင်းကိုလည်း မင်္ဂလာပွဲတွေအတွက် ငှားရမ်းပေးပြီး ငွေကြေးရှာဖွေရတဲ့အထိဖြစ်ခဲ့တာပါ။ 

ဒါပေမယ့်လည်း ရာဖင်ဟာ၊ ကွန်ဒေး၊ လီဝန်ဒေါစကီးတို့ကို ပေါင်သန်းရာကျော်အကုန်အကျခံခေါ်ယူခဲ့ပါတယ်။ ဒီကစားသမားတွေကို စာရင်းသွင်းမှတ်ပုံတင်ဖို့အတွက် အသင်းမှာရှိတဲ့ကစားသမားတွေကို ရောင်းထုတ်တာ၊ လစာငွေလျှော့ချတာတွေကို လုပ်ရမှာဖြစ်ပြီး လက်ရှိမှာတော့ ကစားသမားအနည်းငယ်သာ ထွက်ခွာခဲ့ပြီး လစာလျှော့ယူဖို့အတွက်လည်း ညှိနှိုင်းနေရဆဲဖြစ်ပါတယ်။ 

မနေ့ကလည်း လိဒ်ယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်သူက ရာဖင်ဟာအတွက်ပေးချေရမယ့် ပြောင်းရွှေ့ကြေးကို စက်တင်ဘာလ ၂ ရက်နေ့မှာမပေးဘူးဆိုရင် တကမ္ဘာလုံးသိအောင် မီဒီယာတွေကတဆင့် ဖွင့်ချမှုတွေပြုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး တရားစွဲဆိုတဲ့အထိပါ လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့တာကြောင့် ဘာကာအတွက် အရှက်ရဖွယ်လည်း ဖြစ်ခဲ့ရပါသေးတယ်။ 

စပိန်လာလီဂါဘောလုံးရာသီသစ်ကို ဩဂုတ်လ ၁၃ ရက်နေ့မှာ စတင်တော့မှာပြီး ကစားသမားသစ်တွေကို လိဂ်အဖွဲ့ချုပ်ဆီမှာ မှတ်ပုံတင်စာရင်းသွင်းဖို့ အချိန်အားဖြင့် တပတ်သာ ဘာကာတို့ ရတော့မှာဖြစ်ပါတယ်။ တပတ်အတွင်းမှာ ပြေလည်အောင်မဖြေရှင်းနိုင်ရင်တော့ ကစားသမားသစ်တွေကို ထည့်သွင်းအသုံးပြုခွင့်မရမယ့်အရေးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က